ခြင်္သေ့လက်ထဲ မိနစ် ၃၀ ကြာနေခဲ့ရသူ

ဗီဒီယို ပုံစာ, ခြင်္သေ့လက်ထဲ မိနစ် ၃၀ ကြာနေခဲ့ရသူ
ခြင်္သေ့လက်ထဲ မိနစ် ၃၀ ကြာနေခဲ့ရသူ
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်မှာ နွားကျောင်းသမားတစ်ယောက်ကို ခြင်္သေ့မတစ်ကောင်က ခုန်အုပ်ပြီး မြေမှာဖိထားခဲ့ပါတယ်။ အဲဒီလို ခြင်္သေ့လက်ထဲမှာ နာရီဝက်ကြာနေခဲ့ရချိန် သူက တတ်နိုင်သမျှ တည်ငြိမ်အောင်နေနေခဲ့ပါတယ်။ အနားက လူအုပ်က ဝိုင်းအော် ခြောက်ထုတ်နေတော့ ခြင်္သေ့လည်း အဲဒီလူကို မကိုက်တော့ဘဲ ပြန်ထွက်သွားခဲ့ ပါတယ်။ နွားကျောင်းသမားဟာ ခန္ဓာကိုယ်အနှံ့ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ကုသခံနေရပေမဲ့ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး။ ဂူဂျာရတ်ဟာ အာရှခြင်္သေ့တွေကျက်စားတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောနေရာပါ။ နောက်ဆုံး စစ်တမ်းအရ အဲဒီမှာ ခြင်္သေ့ ၈၉၁ ကောင်ရှိတယ်လို့ သိထားပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #ခြင်္သေ့ #တိရစ္ဆာန် #အိန္ဒိယ