မင်းလက်ပံ - ဖလူးမှာ တိုက်ပွဲ ပြင်းထန်
မင်းလက်ပံ - ဖလူးမှာ တိုက်ပွဲ ပြင်းထန်
ရေးသားခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းမှာ ရှိတဲ့ မင်းလက်ပံ ဖလူးမှာ မနေ့ညကစပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်နေတာကြောင့် ဒေသခံတွေ ထိုင်းဘက်ကို ညတွင်းချင်း ထွက်ပြေးနေရပါတယ်။ ထိုင်းစစ်တပ်ဘက်ကလည်း နယ်စပ်မှာ လုံခြုံရေး ပိုတင်းကျပ်နေပြီး လက်ရှိ လမ်းတွေကို ပိတ်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ဘက်က အင်အားထောင်ချီနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။ မသင်းသင်းနွယ်က စုစည်းပြောပြမှာပါ။



