ပြည်ပသွင်းကုန် တင်းကျပ်တာက စားသုံးသူတွေကို ဘယ်လို ရိုက်ခတ်မလဲ

ဗီဒီယို ပုံစာ, ပြည်ပသွင်းကုန်တွေ တင်းကျပ်တာက စားသုံးသူတွေ အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ
ပြည်ပသွင်းကုန် တင်းကျပ်တာက စားသုံးသူတွေကို ဘယ်လို ရိုက်ခတ်မလဲ
ရေးသားခဲ့သည်။

စက်သုံးဆီနဲ့ စားသုံးဆီအပါဝင် ပြည်ပကတင်သွင်းတာတွေ လျှော့ချဖို့အပြင် EV ကားတွေပါ ပြည်တွင်းမှာ အစအဆုံး တပ်ဆင် ထုတ်လုပ်ဖို့နဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်နိုင်ဖို့ပါ ဆောင်ရွက်ရမယ်လို့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က ထပ်ပြီးပြောခဲ့ပါတယ်။ အဓိကအားဖြင့် နိုင်ငံခြားငွေ မထွက်အောင်၊ ဒေါ်လာတွေ ပြန်မထွက်နိုင်အောင် ပြည်ပသွင်းကုန်အားလုံးကို ထပ်ပြီး ပိတ်ပင်ဖို့ပြောတဲ့သဘော ဖြစ်ပါတယ်။ ဒီလို ထပ်ပြီး တင်းကျပ်ထားတာက ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ ဆက်ပြတ်လပ်စေပြီး စားသုံးသူတွေအတွက် အလုံးစုံ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီလို့ စီးပွားရေးပညာရှင်နဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီအကြောင်း မတာရာက စုစည်းပြောပြပါမယ်။