KIO/ KIA ရဲ့ ရှမ်းမြောက်ခရီးစဉ် ဘာတွေဆွေးနွေးခဲ့သလဲ

KIO/ KIA ရဲ့ ရှမ်းမြောက်ခရီးစဉ် ဘာတွေဆွေးနွေးခဲ့သလဲ

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/ KIA)က ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း ခရီးစဉ်အတွင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ရှမ်းမြောက် ဒေသအခြေအနေနဲ့ စစ်ရေးကို လေ့လာသူတွေကတော့ ဒီတွေ့ဆုံမှုတွေအတွင်း တော်လှန်ရေးကိစ္စနဲ့ တိုက်ပွဲ ကိစ္စတွေအပြင် အခွန်အကောက်ကိစ္စတွေပါ ပါဝင်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီအကြောင်း ကေအိုင်အေဘက်ကိုလည်း ဘီဘီစီက မေးမြန်းထားပါတယ်။ ကိုဝေဖြိုး ပြောပြမှာပါ။