အီရန်မှာ အပစ်ရပ်ပေမဲ့ လက်ဘနွန်မှာ စစ်ရေးပြင်းထန်ဆဲ

အီရန်မှာ အပစ်ရပ်ပေမဲ့ လက်ဘနွန်မှာ စစ်ရေးပြင်းထန်ဆဲ

အမေရိကန်နဲ့ အီရန်တို့အကြား အပစ်ရပ် သဘောတူညီမှု ကျိုးပျက်မလား စိုးရိမ်မှုတွေတိုးလာချိန်မှာပဲ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနီးမှာ အမေရိကန် တပ်ဖွဲ့တွေ ဆက်ပြီး ရှိနေဦးမှာ ဖြစ်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ည နှောင်းပိုင်းက မစ္စတာ ထရမ့်က လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်တခုထဲမှာ သဘောတူညီချက် တကယ်အစစ်အမှန်မဟုတ်ဘူး ဆိုတာနဲ့အမေရိကန် တိုက်ခိုက်မှုတွေ ပြန်စမှာ ဖြစ်တဲ့အကြောင်း ပြောထားပါတယ်။ အခုလုပ်နေတဲ့ ဆွေးနွေးမှုတွေမှာ အဓိက အတားအဆီးတခုက အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ လက်ဘနွန်အရေးပဲ ဖြစ်ပါတယ်။ အီရန်က လက်ဘနွန်ကို တိုက်ခိုက်နေမှုတွေက အပစ်ရပ်ရေး သဘောတူညီချက်ကို အကြီးအကျယ် ချိုးဖောက်နေတာပဲ လို့ ဆိုပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေ ကလည်း ညပိုင်းက ဟဇ်ဘိုလာရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဘေရွတ်မြို့က ဘီဘီစီ သတင်းထောက် ဟျူဂို ဘရှေးဂါးရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြပေးမှာပါ။