တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း ဖွင့်ဖို့စီစဉ်နေ

တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း ဖွင့်ဖို့စီစဉ်နေ

စစ်တပ်ဟာ အခု လာမယ့် ပညာသင်နှစ်ကစပြီး တပ်မတော် လူငယ်ပညာရေး သင်တန်း ကျောင်း ဆိုတဲ့အမည်နဲ့ အထက်တန်းအထိ သင်ကြားပေးနိုင်ရေးအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ စတင် အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ ဒီလိုစီစဉ်ထားတဲ့အကြောင်း မနေ့ကလုပ်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၇၉ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားမှာ လက်ရှိ ကာကွယ်ရေးဦးစီးချုပ်က ထည့်ပြောခဲ့တာပါ။ ဒီကျောင်းက ဘယ်လို ကျောင်းမျိုးဖြစ်ပြီး ဘယ်သူတွေကို တက်ခွင့်ပေးမှာပါလဲ။ ဒီကျောင်းကနေ ဘယ်နေရာအထိ ဆက်ခေါ်သွားဖို့ စီစဉ်ထားတာပါလဲ။ အပြည့်အစုံကို ကိုဘိုဘိုက ပြောပြမှာပါ။