ရန်ကုန် ဆောက်လုပ်ဆဲ အဆောက်အဦတွေ ဆိုလာတပ်ရမယ်

ဗီဒီယို ပုံစာ, ရန်ကုန် ဆောက်လုပ်ဆဲ အဆောက်အဦတွေ ဆိုလာတပ်ရမယ်
ရန်ကုန် ဆောက်လုပ်ဆဲ အဆောက်အဦတွေ ဆိုလာတပ်ရမယ်
ရေးသားခဲ့သည်။

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ဓာတ်လှေကားပါဝင်မယ့် ဆောက်လုပ်မယ့် အဆောက်အဦတွေနဲ့ ဆောက်လုပ်ဆဲ အဆောက်အဦတွေမှာ ဆိုလာစနစ် မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရမယ်လို့ စည်ပင်သာယာရေးကော်မတီ အဆောက်အအုံအင်ဂျင်နီယာဌာန ညွှန်ကြားချက်ထုတ်ပြန်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေဈေးကြီး လုပ်ငန်းအများစုရပ်နားထားရချိန်နဲ့ ဆိုလာနဲ့ဆက်စပ် ပစ္စည်းတွေ အဈေးအဆမတန်တက်နေချိန်မှာ ဈေးကွက်ကိုမထိန်းညှိနိုင်ဘဲ ဆိုလာစနစ် မဖြစ်မနေထည့်သွင်းတပ်ဆင်ခိုင်းတာက ဘယ်လောက်အထိ အခက်အခဲ ဖြစ်စေနိုင်ပါသလဲ။ မဖြစ်မနေတပ်ရမယ်ဆိုရင် ဘာတွေလုပ်ဖို့လိုအပ်ပါသလဲ။ ဆိုလာနည်းပညာကျွမ်းကျင်သူတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဒီအပေါ် ဘယ်လိုရှုမြင်ပါသလဲ။ အပြည့်အစုံကို မသူဇာလင်းက ပြောပြသွားမှာပါ။