ယီမင်တောင်ပိုင်းမှာ အစိုးရနဲ့ ဟူသီတွေ တိုက်ပွဲ ပြင်းထန်

ဗီဒီယို ပုံစာ, ယီမင်တောင်ပိုင်းမှာ အစိုးရနဲ့ ဟူသီတွေ တိုက်ပွဲ ပြင်းထန်
ယီမင်တောင်ပိုင်းမှာ အစိုးရနဲ့ ဟူသီတွေ တိုက်ပွဲ ပြင်းထန်
ရေးသားခဲ့သည်။

ယီမင်နိုင်ငံမှာ ၂၀၁၄ ခုနှစ်က အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီလက်နက်ကိုင်တွေက မြို့တော် ဆာနာကို ထိန်းချုပ်လိုက် ပြီးနောက် ပြည်တွင်းစစ် စတင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဟူသီတွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင် အစိုးရကို အာဏာပြန်ရစေဖို့ ကြိုးစားပေးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာတော့ ဟူသီအဖွဲ့က အနောက်ဘက်ကမ်းရိုးတန်းကို သိမ်းယူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထဲက နယ်မြေတချို့ကို ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြု အစိုးရတပ်ဖွဲ့တွေက ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ယီမင်နိုင်ငံတောင်ပိုင်းကနေ ဘီဘီစီရဲ့ ဝါရင့် နိုင်ငံတကာသတင်းထောက် အော်လာ ဂါးရင် ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။ ဒီသတင်းမှာ ထိခိုက်ဒဏ်ရာတွေရဲ့ စိတ်မချမ်းမြေ့ဖွယ် ရုပ်ပုံတွေပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။