နောက်ဆုံး ရေးသားချိန် 25 ဇူလိုင်လ 2010 - 15:47 GMT

မိုဘီဂျီနို နဲ့ GW

မီဒီယာ ပလေးယား

မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးနေတာပါ။

Generation Wave

ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

မြန်မာလူငယ် တက်ကြွလှုပ်ရှားသူတွေက ကဗျာဆရာကြီးတွေ မဟုတ်ပေမယ့် ရင်ထဲက ပွင့်အံလာတဲ့ ခံစားချက်တွေ၊ ပေါက်ကွဲမှုတွေကို စကားလုံးတွေအဖြစ် ပြောင်းလဲပြီး ကဗျာတွေ ဖွဲ့ကြ၊ နောက်တော့ ဒီကဗျာတွေ ပေါင်းစပ်ပြီး စာအုပ်လေးတစ်အုပ်ပါ ထုတ်လိုက်ပါတယ်။

Acid Hiphop Band

ဇေယျာသော် (ဝဲအစွန်) ဟာ Acid အဖွဲ့ဝင်ဖြစ်တယ်၊ GW ကို ပူးတွဲတည်တောင်သူလည်း ဖြစ်တယ်

ဒီကဗျာတွေကို ရေးစပ်သူ တွေကတော့ Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံးရဲ့ အဖွဲ့ဝင် လူငယ်တွေပါ။ သူတို့အဖွဲ့ကို GW လို့လည်း အတိုကောက်ခေါ်လေ့ရှိပါတယ်။

ဒီအဖွဲ့ဟာ ၂၀၀၇ စက်တင်ဘာ သံဃာ့ အရေးအခင်းအပြီးမှာ စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် လှုပ်ရှားဖို့ ပေါ်လာတဲ့ လူငယ်တက်ကြွ လှုပ်ရှားသူများအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ လူငယ်တွေနဲ့ သီးသန့်ဖွဲ့စည်း ထားတဲ့ UG မြေအောက်လှုပ်ရှားမှု လုပ်နေတဲ့ အဖွဲ့ပါ။

Zayar Thaw Poem

ဇေယျာသော်ရဲ့လက်ရေးနဲ့ ကော့သောင်း ထောင်ထဲမှာ ရေးထားတဲ့ ကဗျာ

မျိုးဆက်လှိုင်း ကဗျာစာစုများဆိုတဲ့ စာအုပ်မှာ ကဗျာ ၁၄ ပုဒ်ပါဝင်ပါတယ်။

ဒီကဗျာတွေထဲမှာ အကျဉ်းကျနေတဲ့ GW ခေါင်းဆောင်တွေဖြစ်တဲ့ အက်စစ် (Acid) အဖွဲ့က အဆိုတော် ဇေယျာသော် ၊ နောက် သီဟဝင်းတင် နဲ့ အာကာဗိုလ်တို့ရဲ့ ထောင်ထဲမှာ ရေးသားထားတဲ့ ကဗျာတွေ ပါဝင်ပါတယ်။ ဇေယျာသော်ကတော့ ''လူမျက်နှာ ပျောက်တဲ့ လူသားတွေ'' ဆိုတဲ့ ကဗျာတစ်ပုဒ် ရေးထားတယ်။

ကျောက်ဖြူထောင်ရောက်နေတဲ့ အာကာဗိုလ်ကလည်း ''ဖွင့်အန်ခြင်း'' ဆိုတဲ့ ကဗျာမှာ ထောင်ထဲက တစ်နေ့တာ ဘဝအကြောင်း ရေးဖွဲ့ထားပါတယ်။

Generation Wave

နောက်ပြီး ကျန်တဲ့ GW အဖွဲ့ဝင် ၇ ယောက်ကလည်း ကဗျာတွေ စာစုတွေ ရေးဖွဲ့ထားကြပါတယ်။ သူတို့ ဘာကြောင့် ကဗျာတွေ ရေးဖြစ်ကြသလဲ၊ သူတို့ရဲ့ ယုံကြည်ချက် အိပ်မက်တွေက ဘာတွေလဲဆိုတာ ကိုမိုးမြင့်က GW အဖွဲ့သားတွေနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။

နောက်ဆုံးထုတ်တဲ့ GW ရဲ့ သီချင်းဗီဒီယိုကို ကြည့်ချင်ရင် ဒီ နှိပ်ပါ လင့် ကို နှိပ်ပါ။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။