BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
‘‘တော်လှန်ရေးအောင်မြင်ဖို့ အမျိုးသမီးကိုယ်စားပြုမှုက အရေးကြီးတယ်’’ - မဇူးပဒုမ္မာ(SCEF အတွင်းရေးမှူးအဖွဲ့၀င်)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းတာ ၅ လကျော်လာချိန်မှာ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုအခြေအနေ ဘယ်လိုရှိနေပြီလဲ။ နိုင်ငံရေးနဲ့ စစ်ရေးအဆုံးအဖြတ်ပေးနိုင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရနေပြီလား။
အမေရိကန်နဲ့ အီရန် သီတင်းပတ်တွေအတွင်းပထမဆုံးအကြိမ် အပြန်အလှန်တိုက်ခိုက်
ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ လာရက်ကျွန်းကို တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ဇူလိုင်လနှောင်းပိုင်းနောက်ပိုင်း အမေရိကန်က ပထမဆုံးအကြိမ် တိုက်ခိုက်မှုလို့ သိရပါတယ်။
ပြည်ပကိုလုပ်သားပို့တဲ့အေဂျင်စီတွေကို စ သုံးလုံး ခေါ်စစ်
ပြည်ပရောက်လုပ်သားတွေ ပြည်တွင်းကို ငွေပြန်လွှဲရေး လုပ်သားပို့တဲ့အေဂျင်စီတွေကို စ သုံးလုံးက နေပြည်တော်မှာ ခေါ်စစ်တဲ့သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အာရုံစိုက်ခံလာရတဲ့ ထရမ့်ရဲ့ အနီးကပ်လက်ထောက် နာတာလီ ဟာ့ပ်
ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျွန် အော့ဆော့ဖ်က မိန့်ခွန်းတစ်ရပ်မှာ ထရမ့်နဲ့ အနီးကပ်ရှိနေတဲ့ အမျိုးသမီးလက်ထောက် နာတာလီဟာ့ပ် အကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
ထိုင်းရောက်မြန်မာသန်းချီအတွက် စိုးရိမ်စရာဖြစ်လာတဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ်
ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးနိုင်တဲ့ ပြစ်မှု ၆ မျိုးကိုလည်း ကြေညာလာပါတယ်။ အဲဒီပြစ်မှု ၆ မျိုးက ဘာတွေလဲ။ သန်းနဲ့ ချီရှိနေတဲ့ထိုင်းရောက် မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ရုရှား-မြန်မာ-ဘယ်လာရုစ် လက်နက်ဆက်ဆံရေးကို ကျော်လွန်လာပြီလား
ဦးမင်းအောင်လှိုင်ရဲ့ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဥ်ကို လေ့လာကြည့်ရင် သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ရောင်းချနေကြတာကို တွေ့ရပါတယ်။ လက်နက်၊ နျူကလီးယားစွမ်းအင်ကစလို့ သဘာဝဓာတ်ငွေ့အလယ် သနပ်ခါးနဲ့ တီးမစ်အဆုံး ရောင်းကုန်စာရင်းထဲပါပါတယ်။
ဦးသော်ကောင်း - ၃၂ နှစ်နဲ့ ဗဟိုစာကြည့်တိုက်မှူးဖြစ်ခဲ့သူ ဖူကူအိုကာဆုရှင်
"သူ့လို မြန်မာမှုပညာရပ်များ၊ မြန်မာပြည်အကြောင်းရပ်များကို ပြည့်စုံစွာ ဖတ်ရှုတတ်ကျွမ်း သိနားလည်ပြီး အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် လူရိုသေ၊ ရှင်ရိုသေရေးနိုင်သူ မြန်မာပြည်တွင် သိပ်မရှိတော့ပါ" ဆိုပြီး မှတ်တမ်းတင် ဂုဏ်ပြုခံရသူ
မြန်မာစစ်တပ် ထိုင်းကိုတောင်းဆိုတဲ့ လက်နက်လမ်းကြောင်း ဖြတ်တောက်ရေး ဖြစ်တန်ခြေ
တရုတ်အကူအညီနဲ့ ရှမ်းမြောက်စစ်မျက်နှာပြင်ကို တခန်းရပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြတ်တောက်ရေးတွေ ပိုဖိလုပ်လာတဲ့ စစ်တပ်က ထိုင်းအကူအညီနဲ့ တောင်ပိုင်းကိုပါ ဖိအားပေးလိုဟန် ရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဦးအေး မဖြစ်ခဲ့တဲ့ ဦးစိုးဝင်း
လွန်ခဲ့တဲ့ ၃ လကျော် အတွင်း အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းရဲ့ ဓာတ်ပုံ နှစ်ကြိမ်သာ ထွက်လာခဲ့ဖူးပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြမခံခဲ့ရပါဘူး။
ဘုရင့်နောင် - အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်၊ ကမ္ဘာ့အမွေအနှစ် ခေါင်းလောင်းစာ ရေးထိုးခဲ့သူ
တပင်ရွှေထီးနဲ့ ဘုရင့်နောင်ခေတ်မှာ မွန်၊ မြန်မာ၊ ရှမ်းနဲ့ ထိုင်းယွန်း စတဲ့ လူမျိုးစုံကို စုစည်းပြီး လက်နက်နိုင်ငံကြီး ထူထောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း လူမျိုးစုချင်း သဟဇာတပေါင်းစည်းမှုထက် ပဒေသရာဇ် သစ္စာခံမှုအပေါ်ကို အားပြုတည်ဆောက်တဲ့ နိုင်ငံဖြစ်တာနဲ့ စစ်ဒဏ်ပိပြီး စိုက်ပျိုးကုန်သွယ်ရေးတွေမှာ အားမကောင်းတာတွေကြောင့် အင်္ဂလန်၊ ပြင်သစ် စတဲ့ ခေတ်ပြိုင် ဥရောပနိုင်ငံကြီးတွေလို အမျိုးသားနိုင်ငံအဆင့်ကို မြန်မာနဲ့ ပေါင်းသဟာယ ပြည်ထောင်များအဖြစ် မတက်လှမ်းနိုင်ဖြစ်ခဲ့ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
























































