ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်
ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်
ပြည်ထောင်စု လွှတ်တော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပဲ သမ္မတ အဖြစ် ရွေးချယ်လိုက်ကြပါပြီ။ လာမယ့်သီတင်းပတ်မှာ သူဦးဆောင်တဲ့ အစိုးရသစ် ဖွဲ့စည်းပါတော့မယ်။ ဒီအစိုးရအဖွဲ့ဝင်စာရင်းကို လွှတ်တော်က သမ္မတခန့်တာနဲ့အတူ အတည်ပြု ပေးရဖို့ရှိပါတယ်။ အနိုင်ရပါတီ ကြံ့ခိုင်ရေးဘက်ကလူတွေရော အစိုးရအဖွဲ့ထဲ ထည့်လာနိုင်ပါသလား။ ဘယ်သူတွေပါလာမလဲ၊ အာဏာခွဲဝေမှုကရော ဘယ်လောက်ရနိုင်မလဲ။ တရုတ်သမ္မတရဲ့ သဘောတူညီမှုနဲ့ဖြစ်လာတဲ့ ဒီရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ဒီကနေ့ရလဒ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်လိုတုံ့ပြန်လိုက်ပါသလဲ။ အပြည့်အစုံကို မအေးသူစံက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။