ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်ပြည်သူတွေ စစ်ကို ဘယ်လို ရင်ဆိုင်နေလဲ
အီရန်ပြည်သူတွေ စစ်ကို ဘယ်လို ရင်ဆိုင်နေလဲ
အီရန်ထဲမှာလည်း အင်တာနက် အမှောင်ချထားဆဲ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း မြေပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သိဖို့ ခက်ပါတယ်။ ဒါပေမယ့် ဘီဘီစီက ရခဲ့တဲ့ တချို့ ဗီဒီယိုပုံရိပ်တွေနဲ့ အင်တာဗျူးတွေအရ အဲဒီအီရန်ထဲက ပြည်သူတွေ စစ်ကို ဘယ်ပုံဘယ်နည်း ရင်ဆိုင် ဖြတ်သန်းနေရသလဲ ဆိုတာ သိနိုင်ပါတယ်။ အခုသတင်းထဲမှာ ပါတဲ့ လူတွေကို သူတို့လုံခြုံရေး အတွက် ဘယ်သူဘယ်ဝါဆိုတာကို မဖော်ပြထားပါဘူး။ ဘီဘီစီ ရဲ့ အထူးသတင်းထောက် ဖာဂါလ်ကင်း ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။