ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝေလနယ်မှာ တွေ့ရတဲ့ ရောမခေတ် စံအိမ်
ဝေလနယ်မှာ တွေ့ရတဲ့ ရောမခေတ် စံအိမ်
ဝေလနယ်မှာ တွေ့ရှိခဲ့တဲ့ ရောမခေတ်က စံအိမ်ဟောင်းတလုံး ကို ရှေးဟောင်းသုတေသီတွေက ပို့တ် တားလ်ဘတ်ရဲ့ ပွန်ပေလို့ တင်စားကြပါတယ်။ ခေတ်မီဆန်းသစ်တဲ့ စကင်ဖတ် စက်တွေကို သုံးပြီး မြေအောက် ၁ မီတာလောက် အနက်မှာရှိနေတဲ့ ဒီအိမ်ဟောင်းရဲ့ ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် စတက်ဖန် မက်ဆင်ဂျာရဲ့ သတင်းကို ကိုမိုးမြင့်ကပြောပြမှာပါ။