ဟော်မုဇ်ရေလက်ကြားကို အမေရိကန် ပိတ်ဆို့တော့မယ်

ဟော်မုဇ်ရေလက်ကြားကို အမေရိကန် ပိတ်ဆို့တော့မယ်

အမေရိကန် စစ်တပ်က ဟော်မုဇ် ရေလက်ကြားကို မကြာခင် စတင် ပိတ်ဆို့တော့မယ်လို့ ပြောပါတယ်။ အဲဒီ ပိတ်ဆို့မှုဟာ အီရန် ဆိပ်ကမ်းတွေဆီ ဝင်ထွက် သွားလာနေတဲ့ ရေယာဉ်တွေအပေါ်မှာသာ သက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ထရမ့်က ဒီကနေတဆင့် အီရန်ကို ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့ အတွက် ဖိအားပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အီရန် ပါလီမန်ဥက္ကဋ္ဌ ကတော့ သူတို့ နိုင်ငံဟာ ဒီလို ခြိမ်းခြောက်မှုတွေကို ငုံ့ခံနေမှာ မဟုတ်ဘဲ ရေလက်ကြားနား ချဉ်းကပ်လာတဲ့ စစ်သုံးရေယာဉ်မှန်သမျှ အပြင်းအထန် တိုက်ခိုက်ခံရမယ်လို့ ပြောပါတယ်။ ပါကစ္စတန်မှာ ကျင်းပခဲ့တဲ့ အပစ်ရပ် ဆွေးနွေးပွဲတွေ ပြိုလဲကျပြီးနောက်မှာ အခုလို ဟော်မုဇ်ကို ပိတ်ဆို့မယ့် အထိ ဆက်ဖြစ်လာတာ ဖြစ်ပါတယ်။ ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် ဂျိုးအင်ဝုဒ်ပေးပို့ထားတဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။