ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာအပေါ် အာဆီယံရဲ့ သဘောထား ဘယ်လို ရှိလာမလဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို စွန့်ပယ်ပြီး စစ်တပ် ကျောထောက်နောက်ခံပြု လွှတ်တော်ကနေ တစ်ဆင့် သမ္မတရာထူးကို ရယူခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် သူဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ဘယ်သူတွေ ပါဝင်မလဲ ဆိုတာလည်း ရုပ်လုံး ပေါ်လာနေပြီ ဖြစ်ပါတယ်။ ဒီ အစိုးရသစ် အပေါ် အာဆီယံ အနေနဲ့ ဘယ်လို သဘောထားမှာလဲ။ အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ် အုပ်ချူပ်ခဲ့စဥ် ၅ နှစ်ကျော်ကာလ အာဆီယံ ထိပ်သီး အစည်းအဝေးတွေ ကနေ ချန်လှပ်ထား ခံရတဲ့ အဖြစ်ကနေ အခုနောက်ပိုင်းကာလတွေမှာ နိုင်ငံကို ကိုယ်စားပြုခွင့်ရလာနိုင်သလား။ ဖိလစ်ပိုင် နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးသံ လည်း ဖြစ်တဲ့ မစ္စ ထရီဇာ လာဇာရိုကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။ မေးမြန်းခန်း အပြည့်အစုံကို ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ယူကျုတို့ပေါ်ကနေ မကြာခင် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။