ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း အီရန်ပြော
ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း အီရန်ပြော
အမေရိကန် သမ္မတ ထရမ့်က အီရန်ကို ဟော်မုဇ်ရေလက်ကြားကို မဖွင့်ရင် ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေကို ဖျက်ဆီးပစ်မယ်လို့ သတိပေးလိုက်ပါတယ်။ သူက လူမှုကွန်ရက်ပေါ်မှာ စကားလုံးကြမ်းကြမ်းနဲ့ တင်ခဲ့ပြီး မနက်ဖြန်ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားပါတယ်။ အီရန်ပေါ်မှာ ပစ်ချခံခဲ့ရတဲ့ ဂျက်တိုက်လေယာဉ်က ဒုတိယ လေသူရဲ ကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက်မှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုးအင်ဝုဒ်ရဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။