ခါမေနီရဲ့သားတွေ ဖခင်စျာပနမှာ ပူဆွေးငိုကြွေး

ဗီဒီယို ပုံစာ, ခါမေနီရဲ့သားတွေ ဖခင်စျာပနမှာ ပူဆွေးငိုကြွေး
ခါမေနီရဲ့သားတွေ ဖခင်စျာပနမှာ ပူဆွေးငိုကြွေး
ရေးသားခဲ့သည်။

ဖေဖော်ဝါရီလတုန်းက အစ္စရေးနဲ့ အမေရိကန်လေယာဥ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီရဲ့ စျာပနအခမ်းအနားကို မြို့တော်တီဟီရန်မှာ ပြုလုပ်နေပါတယ်။ လူသိန်းချီတက်ရောက်ကြတဲ့ စျာပနကို ၆ ရက်ကြာကျင်းပသွားမှာဖြစ်ပြီး ဇူလိုင် ၉ ရက် ကြာသပတေးနေ့မှာ ရုပ်အလောင်းကို မြှုပ်နှံသင်္ဂြိုဟ်မှာပါ။ ခေါင်းတလားခင်းကျင်းပြသထားရာဆီကို ခါမေနီရဲ့ သားတွေလာရောက် ဂါရဝပြုရင်း ငိုကြွေးခဲ့ကြတာလည်းတွေ့ရပါတယ်။ ခါမေနီကို ဆက်ခံပြီး အီရန်ရဲ့ အထွဋ်အထိပ်ခေါင်းဆောင်နေရာကို ရယူထားတဲ့ သူ့ရဲ့ ဒုတိယသား မို့ဂျ်တာဘာခါမေနီကတော့ ရာထူးရယူတဲ့အချိန်ကတည်းက လူမြင်ကွင်းမှာ မတွေ့ရတာ အခု စျာပနအခမ်းအနားတွေ ကျင်းပတဲ့အထိလည်း ထွက်မလာသေးပါဘူး။ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ချိန် သူလည်း ဒဏ်ရာရသွားခဲ့တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အီရန် #ခါမေနီ #မို့ဂျ်တာဘာ