မျက်မမြင်သားကို ကမ္ဘာ့ဖလားခံစားနိုင်စေဖို့ လုပ်ပေးတဲ့ အဖေ

ဗီဒီယို ပုံစာ, မျက်မမြင်သားကို ကမ္ဘာ့ဖလားခံစားနိုင်စေဖို့ လုပ်ပေးတဲ့ အဖေ
မျက်မမြင်သားကို ကမ္ဘာ့ဖလားခံစားနိုင်စေဖို့ လုပ်ပေးတဲ့ အဖေ
ရေးသားခဲ့သည်။

အီရန်မှာ မျက်စိမမြင်တဲ့ သားဖြစ်သူကို အခုကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲတွေကို မကြည့်နိုင်တောင် ခံစားနိုင်အောင် ဖခင်ဖြစ်သူက စီစဥ်ပေးပါတယ်။ အလီရေဇာက မွေးကတည်းက အမြင်အာရုံချို့တဲ့သူပါ။ သူ့အတွက် ဖခင်က အိမ်ထဲက ပစ္စည်းလေးတွေနဲ့ ဘောလုံးကွင်းလေးတစ်ခုလုပ်ပေးပါတယ်။ ကတ်ထူပြားက ကွင်း၊ ပလပ်စတစ်ပိုက်လေးတွေက ဂိုးတိုင်နဲ့ ဘောလုံးအဖြစ်တော့ ဖန်ဂေါ်လီလေးကို ထည့်ထားပါတယ်။ ပွဲကစားချိန်တွေမှာ အဖေက သားရဲ့လက်ကို ကိုင်ပြီး ပွဲထဲကအတိုင်း ဘောလုံးရွှေ့ပေးပါတယ်၊ တီဗီကလာနေတဲ့ ပွဲကိုလည်း ကြည့်ရင်း သရုပ်ဖော်ပြောပြပေးပါတယ်။ သူတို့သားအဖ ဘောလုံးပွဲကြည့်ကြပုံတွေက အွန်လိုင်းမှာ လူကြည့်များ လူပြောများနေပြီး တခြားအမြင်အာရုံမသန်စွမ်းသူတွေအတွက်လည်း နမူနာယူစရာဖြစ်နေခဲ့ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #၂၀၂၆ ကမ္ဘာ့ဖလား #အီရန် #မသန်စွမ်း #အမြင်အာရုံချို့တဲ့သူ