ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်ရဲ့ စွမ်းအင်ဖူလုံမှု
အမေရိကန်ရဲ့ စွမ်းအင်ဖူလုံမှု
အီရန် စစ်ပွဲအတွင်း ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ထားတဲ့ ဒဏ်ကို တကမ္ဘာလုံးမှာ ခံစားနေရပါတယ်။ ဒါပေမယ့် အမေရိကန် အတွက် ပူစရာမလိုဘူးလို့ သမ္မတ ထရမ့်က ဆိုပါတယ်။ အမေရိကန် ပြည်တွင်းမှာ စွမ်းအင်အလျှံပယ် ထွက်ပြီး ဗင်နီဇွဲလားက ရေနံတွေလည်း အများအပြား ရနေပြီ ဖြစ်ပါတယ်။ ဗင်နီဇွဲလားက ရေနံတွေ တင်သွင်းတဲ့ မစ္စစ္စပီက နေ ဘီဘီစီ သတင်းထောက် ဆမီရာ ဟူစိန် ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။