ဓာတ်ပုံ ပေါင်း၂၀၀၀ ကျော်ထဲက ပုံ ၂၄၀ ကို လန်ဒန်မှာ ပြသမယ်

ဓာတ်ပုံဆရာများ အသင်း AOP က နှစ်စဉ် အပ်နှင်းတဲ့ အကောင်းဆုံး ဓာတ်ပုံဆုတွေ အတွက် နောက်ဆုံး ဆန်ခါတင် ရွေးချယ်ထားတဲ့ ပုံတချို့ကို ထုတ်ဖော် ပြသလိုက်ပါပြီ။

ဓါတ်ပုံ အမျိုးအစားအလိုက် ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၂၀၀၀ ရှိတဲ့ အထဲက ဆုရရှိတဲ့ ဓါတ်ပုံတွေကို လာမယ့် မေလ ၁၄ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။

အဲဒီပုံတွေကို လန်ဒန်မြို့ Canary Wharf အဆောက်အအုံရဲ့ One Canada Square ရင်ပြင်မှာ မေလ ၃၁ ရက်နေ့ အထိ ပြသပါမယ်။

ဓါတ်ပုံဆရာတွေရဲ့ ဆန်ခါတင်စာရင်းဝင် ပုံတချိုကို ရှုစားနိုင်ပါတယ်။

ပုဇွန်နဲ့ ကြက်တောင်ပံ

ဓာတ်ပုံ ရင်းမြစ်, Louise Hagger

ဓာတ်ပုံ ပုံစာ, ဓာတ်ပုံဆရာမ လူဝီစ် ဟက်ဂါရဲ့ " အရသာကို စူးစမ်းခြင်း" ဆိုတဲ့ ဓါတ်ပုံ စီးရီးထဲက တွဲစားလေ့ မရှိတဲ့ စားစရာနှစ်မျိုးကို တွဲစားပြီး အရသာခံခြင်း ဆိုတဲ့ ပုံ
Presentational white space
ရှေးဟောင်းကားတွေဒီမှာ လာစုစည်းကြ

ဓာတ်ပုံ ရင်းမြစ်, Simon Burch

ဓာတ်ပုံ ပုံစာ, ဓါတ်ပုံဆရာ Simon Burch ရိုက်ထားတဲ့ ဝေလနယ်က Pendine Sands ဆိုတဲ့နေရာ၊ ကားတွေ၊မော်တော်ဆိုင်ကယ်တွေ ဘယ်လောက် အမြန်ဆုံး စံချိန်တင် မောင်းနိုင်သလဲ ဆိုတာ အဲဒီမှာ စမ်းသပ် မောင်းကြတာ နှစ် ၁၀၀ နီးပါး ရှိပါပြီ
Presentational white space
Lynn Barber နဲ့ သူ့ရဲ့ကြောင်လေး Tyger

ဓာတ်ပုံ ရင်းမြစ်, Charlie Clift

ဓာတ်ပုံ ပုံစာ, ကြောင်ကို ကျောပေးပြီး ဆေးလိပ်သောက်နေတဲ့ အမျိုးသမီး ပုံကို ဓာတ်ပုံဆရာ Charlie Clift ရိုက်ကူးထား
Presentational white space
မှန်ပြောင်းတစ်လက်နဲ့ လူတစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Matt Davis

ဓာတ်ပုံ ပုံစာ, ဘလက်ပူးမြို့မှာ မှန်ပြောင်းနဲ့ လူတစ်ယောက်ကို တွေ့လို့ Matt Davis က ခွင့်တောင်းပြီး ရိုက်ထားတာပါတဲ့
Presentational white space
ကော်ပတ်ရုပ်ရဲ့ အနီးကပ်မျက်နှာ

ဓာတ်ပုံ ရင်းမြစ်, Peter Dazeley

ဓာတ်ပုံ ပုံစာ, ကြောက်စရာ အက်ကြောင်းရာတွေနဲ့ ကော်ပတ်ရုပ်မျက်နှာက အိမ်တွင်း အကြမ်းဖက်မှု ပြဿနာကို Peter Dazeley က သရုပ်ဖော်တာပါ
Presentational white space
ဖန်ခွက်ထဲက အရည်တွေ ဖိတ်စင်နေတဲ့ ပုံ

ဓာတ်ပုံ ရင်းမြစ်, Rob Lawson

ဓာတ်ပုံ ပုံစာ, ဖန်ခွက်ထဲက အရည်တွေ ဖိတ်စင်နေတဲ့ ပုံကို ဓါတ်ပုံဆရာ Rob Lawson က အမိအရ ရိုက်ထားပါတယ်
Presentational white space
နှင်းဖုံးနေတဲ့ အိမ်ကလေး

ဓာတ်ပုံ ရင်းမြစ်, Richard Durkin

ဓာတ်ပုံ ပုံစာ, ဂျပန်နိုင်ငံ အလယ်ပိုင်းက ကမ္ဘာလှည့် ခရီးသည်တွေအလာများတဲ့ Takayama မြို့တစ်နေရာမှာ ရိုက်ထားတဲ့ Richard Durkin ရဲ့ လက်ရာ
Presentational white space
ဒုက္ခသည်စခန်းမှာ အမျိုးသား တစ်ယောက် ခြေဆေးနေပုံ

ဓာတ်ပုံ ရင်းမြစ်, Hannah Maule-ffinch

ဓာတ်ပုံ ပုံစာ, ဆီးရီးယား၊ အီရတ်၊ အာဖဂန် နစ္စတန် နိုင်ငံတို့က လာတဲ့ ဒုက္ခသည် ၂၀၀၀ နီးပါးက ဘဲလ်ဂရိတ်မြို့က ဂိုထောင်ကြီးမှာ ဒုက္ခသည်စခန်း အဖြစ်ခိုလှုံ နေကြသူတွေထဲက တစ်ယောက်ကို Hannah Maule-ffinch ရိုက်ကူးထား
Presentational white space
ပန်းခြံထဲက မိန်းကလေး

ဓာတ်ပုံ ရင်းမြစ်, Dean Northcott

ဓာတ်ပုံ ပုံစာ, Dean Northcott ရဲ့ လက်ရာ ဖြစ်တဲ့ ဗြိတိန်က နွေရာသီကို လွတ်လွတ်လပ်လပ် ခံစားပျော်ရွှင်နေတဲ့ ၁၁ နှစ် အရွယ်မိန်းကလေး
Presentational white space
ရေကူးကန်ထဲက ဝါတာပိုလို အသင်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, Alexander Rhind

ဓာတ်ပုံ ပုံစာ, အင်္ဂလန် တောင်ပိုင်း Penzance မြို့က ဝါတာပိုလို အသင်းသားတွေ ပုံကို Alexander Rhind ရိုက်ကူးထား
Presentational white space
မိန်းကလေး နှစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Sam Robinson

ဓာတ်ပုံ ပုံစာ, သမားရိုးကျ လက်ခံထားတဲ့ အလှ ဆိုတာကို စိန်ခေါ်တဲ့ ပုံရိပ်တွေဆိုတဲ့ ခေါင်းစဉ်နဲ့ Sam Robinson ရိုက်ထားတဲ့ ပုံတွေထဲက တစ်ပုံ