တရုတ် နိုင်ငံ နဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ စပိန်အလိုရှိ

ဗီဒီယို ပုံစာ, တရုတ် နိုင်ငံ နဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ စပိန်အလိုရှိ
တရုတ် နိုင်ငံ နဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ စပိန်အလိုရှိ
ရေးသားခဲ့သည်။

ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးနေကြပါတယ်။ ရုရှားနဲ့ ယူကရိန်း စစ်ပွဲ အရေးကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပြီး၊ ဥရောပ ကာကွယ်ရေး၊ လုံခြုံရေး ကိစ္စရပ်တွေ အပြင် တရုတ်နဲ့ ကုန်သွယ်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးကြဖို့ ရှိပါတယ်။ တရုတ် နိုင်ငံရဲ့ ပို့ကုန်တိုးမြှင့်မှုတွေကြောင့် ဥရောပ တဝန်းမှာ အလုပ်လုပ်မဲ့နှုန်း တိုးလာမယ့် အခြေအနေ မျိုး ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေး ဖိအားတွေ နဲ့ ရင်ဆိုင်နေရတဲ့ ပြင်သစ်နဲ့ ဂျာမနီတို့ဟာ ထုတ်ကုန် တိုးမြှင့်ဖို့ တိုက်တွန်းမှုတွေ လုပ်နေပေမယ့် သဘောထား ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ တရုတ် ဆီက စျေးချိုတဲ့ ကုန်ပစ္စည်းတွေ ရဖို့ အတွက် ကုန်သွယ်ရေး သဘောတူညီချက် ရယူဖို့ စပိန် နိုင်ငံက ထောက်ခံထားပါတယ်။ ဘီဘီစီ သတင်းထောက် ကတ်ယာ အဒ်လာရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။