အာဖရိကဆင်တွေ ကိုယ်တိုင် ဆေးကုတတ်

ဗီဒီယို ပုံစာ, အာဖရိကဆင်တွေ ကိုယ်တိုင် ဆေးကုတတ်
အာဖရိကဆင်တွေ ကိုယ်တိုင် ဆေးကုတတ်
ရေးသားခဲ့သည်။

ကင်ညာက အာဖရိကဆင်တွေဟာ သူတို့ကိုယ်သူတို့ ကုသဖို့ ဆေးဖက်ဝင်အပင် အမျိုးပေါင်း ဒါဇင်နဲ့ချီ အသုံးပြုကြပုံရပြီး နေမကောင်းတဲ့ ဆင်ပေါက်လေးတွေကိုပါ ကုသပေးကြတယ်လို့ လေ့လာမှုတခုက ဆိုပါတယ်။ ကင်ညာနိုင်ငံ မောင့်အယ်လ်ဂွန်ဒေသမှာ ဆင်တွေနဲ့အတူ ယှဉ်တွဲနေထိုင် အလုပ် လုပ်ကိုင်နေကြတဲ့ ဒေသခံတွေကို သုတေသီတွေက မေးမြန်းလေ့လာခဲ့တာပါ။ ဘီဘီစီ သတင်းထောက် ဗစ်တိုးရီးယား ဂီးလ် ရဲ့ သတင်းကို မသူဇာလင်းက ပြောပြပေးမှာပါ။