Tesla က ကားပျံ ထုတ်လိုက်ပြီလား

ဗီဒီယို ပုံစာ, Tesla က ကားပျံ ထုတ်လိုက်ပြီလား
Tesla က ကားပျံ ထုတ်လိုက်ပြီလား
ရေးသားခဲ့သည်။

Tesla က သူ့ရဲ့ Roadster အီလက်ထရစ်ကားပုံစံသစ်ကို တက္ကဆပ်မှာ ထုတ်ပြခဲ့ပါတယ်။ အဲဒီကားမှာ သူ့ကို တွန်းပင့်ပေးထားနိုင်တဲ့ ကိရိယာတွေတပ်ထားပြီး လေထဲမှာရပ်နေတာ တစ်ပတ်လှည့်ပြတာတွေ လုပ်နိုင်ပါတယ်။ Tesla ရဲ့ စီအီးအို အီလွန်မာ့စ်က သူ့ကားဟာ အေအိုင်နဲ့လုပ်ပြတာမဟုတ်ကြောင်း သက်သေထူဖို့ လာကြည့်သူတွေရှေ့မှာ ပြမယ်လို့ဆိုပြီး Roadster ကားတစ်စီးက ပြေးလမ်းအမြင့်ကြီးပေါ်တက်လို့ လေထဲပျံတက်ပြီး မြေပေါ်ကို ပြန်ဆင်းတဲ့ သရုပ်ပြချက်ကို လုပ်ပြခဲ့ပါတယ်။ ဒီလို ကားပျံတွေ လမ်းမတွေပေါ်မှာ တွေ့လာရဖို့တော့ အများကြီး အချိန်လိုဦးမှာ ဖြစ်ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #တက်စလာ #အီလွန်မာ့စ် #ကားပျံ #Tesla #Roadster