ကရင်း ယာဥ်အန္တရာယ်သတိပေးသူ
ကရင်း ယာဥ်အန္တရာယ်သတိပေးသူ
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံ အန်ဒါပရာဒက်ရှ်ပြည်နယ်မှာ ဘာဒူဂူ ဗန်ကတ်ဆိုသူဟာ သူ့သူငယ်ချင်းနဲ့ ညီဝမ်းကွဲတစ်ယာက် ကားတိုက်ခံရလို့ အသက်ဆုံးခဲ့ပြီးတဲ့နောက် ယာဥ်အန္တရာယ်ကင်းရှင်းရေး အတွက် လှုံ့ဆော်လှုပ်ရှားတာတွေ တစ်ကိုယ်တော် စလုပ်ခဲ့ပါတယ်။ အဲဒီမှာပဲ ယာဥ်မောင်းသူတွေ လမ်းသွားလမ်းလာတွေ အာရုံစိုက်မိဖို့က ကပြတာက အလုပ်ဖြစ်တယ်ဆိုတာ သူတွေ့လာခဲ့ရပါတယ်။ အိန္ဒိယမှာ ၂၀၂၅ ထဲ ယာဥ်တိုက်မှုကြောင့် လူ တစ်သိန်းရှစ်သောင်းကျော် သေဆုံးခဲ့ပါတယ်။ တစ်နေ့ကို လူ ၅၀၀ လောက် အသက်ဆုံးနေတဲ့သဘောပါ။ အဲဒီထဲမှာ တော်တော်များများက ထိုင်ခုံခါးပတ်ပတ်ရင် ဆိုင်ကယ်စီးတဲ့အခါ ဦးထုပ်ဆောင်းရင် အသက်ဘေးက ကာကွယ်နိုင်လောက်တဲ့ ဖြစ်စဥ်တွေပါ။ ဒါကြောင့် ဘာဒူကူက ကပြရင်း အသိပညာပေးနေတာလို့ ဆိုပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ယာဥ်အန္တရာယ်



