ဆေးပညာ ဆိုင်ရာ နိုဗယ်ဆုရှင်ဆုမရခင် ၃ရက်က ကွယ်လွန်

ဆေးပညာ ဆိုင်ရာ နိုဗယ်ဆုရှင် Ralph Steinman
ဓာတ်ပုံ ပုံစာ, ဆေးပညာ ဆိုင်ရာ နိုဗယ်ဆုရှင် Ralph Steinman
ရေးသားခဲ့သည်။

ဒီနှစ်အတွက် ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုရှင် တွေထဲက ကနေဒါ နိုင်ငံသား Ralph Steinman ဟာ ပြီးခဲ့တဲ့ သုံးရက်လောက်က ကွယ်လွန်ခဲ့တာကို အခုမှ သိရပေမယ့် သူ့ကို ဆုပေးဖို့ ဆုံးဖြတ်ချက်ကို မပြောင်းပါဘူးလို့ ဆွီဒင်က နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ပြောပါတယ်။

ပါမောက္ခ စတိန်းမန်း နာမကျန်း ဖြစ်နေတာကို သိပေမယ့် သူမကွယ်လွန်ခင် ဆုရတာကို သူသိသွားနိုင်မယ်လို့ မျှော်လင့်မိခဲ့ပါတယ်လို့ နိုဗယ်ဆု ရွေးချယ်ရေး ကော်မတီရဲ့ အတွင်းရေးမှူး Goran Hansson က ပြောပါတယ်။

ပန်ကရိယ ကင်ဆာ ဝေဒနာရှင် မစ္စတာ စတိန်းမင်းဟာ သူ့ဘဝ တလျှောက်လုံး ခန္ဒာကိုယ်ရဲ့ ခုခံစွမ်းအား အကြောင်း သုတေသန ပြုခဲ့ပြီး နိုဗယ်ဆု ရခဲ့တာပါ။

သူနဲ့အတူ ဆုရခဲ့သူတွေဖြစ်တဲ့ အမေရိကန် နိုင်ငံသား Bruce Beutler နဲ့ ပြင်သစ် နိုင်ငံသား Jules Hoffman တို့က ခန္ဒာကိုယ်တွင်း ခုခံနိုင်စွမ်းက ဘယ်လို သက်ရောက်မှု ရှိလဲ ဆိုတာကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။