ဟိမဝန္တာ တောင်ပေါ်က တိဘက် ကိုရင်လေးများ

Young monks take a break from their studies inside Thiksey Monastery in Ladakh, India.
ဓာတ်ပုံ ပုံစာ, နေပူစာ လှုံနေကြတဲ့ ကိုရင်လေးတွေ
ရေးသားခဲ့သည်။

ဟိမဝန္တာ တောင်ကြီးပေါ်က ၁၅ ရာစု ရှေးဟောင်း သစ်ဆေးကျောင်းကြီးမှာ နီညိုရောင် သင်္ကန်းရုံထားတဲ့ ကိုရင်လေးတွေကို တွေ့ရပါတယ်။

တောင်ကြား အမြင့်ကြီးတွေ နယ်မြေလို့ သိကြတဲ့ လာဒက် ဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ ကက်ရှ်မီးယား နယ်က အိန္ဒိယ ပိုင်နက်ထဲမှာ တည်ရှိပါတယ်။

ပေ ၉ဝဝဝ ကျော် မြင့်ပြီး ကျောက်စွန်းမှာ တွဲလဲ ခိုနေတဲ့ ဒီကျောင်းဖြူဖြူတွေ ကနေ မျှော်ကြည့်ရင် အိန္ဒု မြစ်ဝှမ်း တခွင်တပြင်ကို တခမ်းတနား တွေ့ရပါတယ်။

ဒီမှာ ဦးထုပ်ဝါ ဂိုဏ်းလို့ ခေါ်တဲ့ တိဘက် ဘုန်းတော်ကြီးတွေ သီတင်းသုံး ကြပါတယ်။

Prayer flags fly at Namgyal Tsemo Monastery above the town of Leh in Ladakh, India.
ဓာတ်ပုံ ပုံစာ, ဆုတောင်းတဲ့ ရောင်စုံအလံတွေ တလူလူနဲ့ ကျောင်းတော်တခု
Young monks take a break from their studies inside Thiksey Monastery in Ladakh, India.
ဓာတ်ပုံ ပုံစာ, ကျောင်းခေါင်မိုးပေါ်က ကိုရင်တွေ

တိဘက်ကို တရုတ်က ဝင်သိမ်းပြီးနောက် တိဘက် ဗုဒ္ဓဘာသာဟာ ပြည်ပြေးတွေနဲ့အတူ နေရပ်က စွန့်ခွာခဲ့ရပါတယ်။

အိန္ဒိယကို ရောက်သွားတဲ့ တိဘက်တွေဟာ မိသားစုထဲက အနည်းဆုံး ကလေးတယောက်ကို ဘုန်းကြီးကျောင်း ပို့ပြီး ဘာသာ စာပေနဲ့ ယဉ်ကျေးမှုတွေကို သင်ကြား စေပါတယ်။

Young monks take a break from their studies inside Thiksey Monastery in Ladakh, India.
ဓာတ်ပုံ ပုံစာ, ကင်မရာကို စူးစမ်းနေတဲ့ ကိုရင်
A young Buddhist monk stands inside Thiksey monastery, Ladakh, India.
ဓာတ်ပုံ ပုံစာ, ရှေးကျောင်းထဲက ကိုရင်ငယ်
A young Buddhist monk stands inside Thiksey monastery, Ladakh, India.
ဓာတ်ပုံ ပုံစာ, ရှေးကျောင်းထဲက ကိုရင်ငယ်

ရုပ်ပုံတွေ၊ ဘီးစကြာတွေ၊ အလံတွေ စတဲ့ မြင်ထောက်ကူ ပစ္စည်းတွေ သုံးပြီး ရှင်းပြတာကို တိဘက် ဗုဒ္ဓဘာသာမှာ တွေ့ရတတ်ပါတယ်။

ရုပ်ကမ္ဘာ လောကကြီးမှာ ဘာသာတရားရဲ့ ကြီးစိုးမှုကို ဒီအရာတွေက အမြဲ သတိပြုစေပါတယ်။

Young monks are seen at their school inside Thiksey Monastery in Ladakh, India
ဓာတ်ပုံ ပုံစာ, ပျော်ရွှင်နေတဲ့ ကိုရင်များ

ဗုဒ္ဓဘာသာဟာ လူတယောက်ချင်းရဲ့ စိတ်ဝိဉာဉ်ပိုင်း တိုးတက်မှုကို အလေးထားတဲ့ ဘာသာပါ။

ဘဝရဲ့ အကြောင်းရင်း သစ္စာကို ရှာတွေ့ဖို့ အလေးထားတဲ့ ဒီဘာသာဝင်တွေ အတွက် နတ်တွေ သိကြားတွေကို ကိုးကွယ်လေ့ မရှိကြပါဘူး။

A young monk runs during a break from his studies inside Thiksey Monastery in Ladakh, India.
ဓာတ်ပုံ ပုံစာ, ကျောင်းလွှတ်ချိန်မှာ ပြေးလွှား ဆော့ကစား
A young monk plays during a break from his studies inside Thiksey Monastery in Ladakh, India.
ဓာတ်ပုံ ပုံစာ, အားလပ်ချိန်မှာ ကစားမယ်