လူမှုကွန်ရက်ကြောင့် စားဓလေ့ ဘယ်လိုပြောင်း

Happy couple at a restaurant, taking a "selfie" of themselves holding out a plate of food and smiling manically
ဓာတ်ပုံ ပုံစာ, စားတဲ့သောက်တဲ့ခေတ်မှာ ပုံရိုက်ယူထားဖို့လည်း အရေးပါ
ရေးသားခဲ့သည်။

ဒီခေတ် ကမ္ဘာတလွှားက စားသောက်ဆိုင်တွေကို ရောက်ရင် စားမယ့်ပန်းကန်ကို ဓာတ်ပုံရိုက်နေတဲ့သူ တယောက်ကိုတော့ တွေ့မှာပဲ။

တချို့ စားသုံးသူတွေအဖို့ စားစရာပန်းကန်ပုံကို အင်စတာဂရမ် ဓာတ်ပုံဆိုက်မှာ မတင်ဘဲကို မနေနိုင်ပါဘူး။ စားလို့သောက်လို့ကောင်း၊ လှတဲ့စားစရာပွဲ စတဲ့ စာညွှန်းလေးတွေကလည်း ပါသေးတယ်။

ဒီစားစရာတွေ လူမှုကွန်ရက်ခေတ်မှာ ဘယ်လို ပုံစံပြောင်းသွားတယ် ဆိုတာကို ဘီဘီစီ အစားအသောက် ကဏ္ဍကနေ လေ့လာကြည့်ပါတယ်။ ဒီခေတ်မှာ စားလို့ အရသာရှိဖို့ထက် အင်စတာဂရမ်မှာ တင်တာ လှဖို့က ပိုအရေးကြီးတယ်လေ။

ဒါကြောင့် မြစိမ်းရောင် ဧကရီ အသီးဖျော်ရည်ကနေ ဖောင်းကြွနေတဲ့ ဝေဖာရေခဲမုန့်ထိ အင်စတာဂရမ်ခေတ်မှာ ဖြစ်နိုင်တဲ့ အစားအသောက်တွေကို ရှာဖွေ စူးစမ်းကြည့်ပါတယ်။ ဒီမှာ တွေ့လာတာကတော့

၁။ကမ္ဘာ့စားဖွယ်စုံ

Woman taking photo of gulab jamun and orchid flowers by mobile phone
ဓာတ်ပုံ ပုံစာ, မလိုင်လုံးကို အင်စတာဂရမ်မှာ မြင်လိုက်ရတော့

အင်စတာဂရမ်ကြောင့် အစားလောကမှာ ကမ္ဘာ့ ပထဝီ အပိုင်းအခြားတွေ ကွယ်ပျောက်သွားပါတယ်။

လူမှုကွန်ရက်တွေကြောင့် ကမ္ဘာတလွှားမှာ ဟင်းချက်နည်း ဖလှယ်တာတွေ ပိုလွယ်လာသလို ယဉ်ကျေးမှုစုံက ဟင်းပေါင်းစုံကိုလည်း မြည်းစမ်းခွင့် ရလာကြပါတယ်။ အနည်းဆုံး မျက်စိနဲ့ ယဉ်ပါးလာပါတယ်။

အနစ္စာ ဟီလူဟာ အစ္စလာမ္မစ် ကမ္ဘာက စားပွဲတော် ဆိုတဲ့ စာအုပ်ရေးတဲ့ အင်စတာဂရမ်မှာ နာမည်ကြီးပါ။

A beautiful photo of labneh - a middle eastern Lebanese cream cheese dip - with roasted aubergine on top, and sprinkled with pomegranate and mint leaves.
ဓာတ်ပုံ ပုံစာ, ဆိုက်ဘေးရီးယားကနေပြီးလည်း အရှေ့အလယ်ပိုင်းစာကို ပုံတူကူးချက်လို့ရ

သူ့ရဲ့ အကောင့်ဟာ ကမ္ဘာတဝန်းက မြင်ရခဲတဲ့ စားစရာစုံကို စုံစုံလင်လင် တွေ့နိုင်တဲ့ နေရာတခုလို့ သတင်းထောက် တယောက်က ပြောပါတယ်။

သူ့မှာ နောက်လိုက် ၁၇၅ဝဝ တောင် ရှိတာပါ။

သူ့မှာ အရှေ့အလယ်ပိုင်းက ဟင်းချက်နည်း စုံလှပြီး ဗီဒီယိုတွေနဲ့လည်း ပြပါတယ်။ ဒီမှာ ထူးထူးခြားခြား သိုးဝှေးစေ့ကို ချက်တာတောင် ပါပါတယ်။

၂။ သက်တံရောင်စဉ် စားဖွယ်ရာ

A cornucopia of colourful food on a wooden chopping board: fruit, vegetables, cereals, whole wheat pasta, grains, legumes and herbs.
ဓာတ်ပုံ ပုံစာ, အင်စတာဂရမ်မှာ မွဲမွဲခြောက်ခြောက်ပုံ မတင်ဘူး

စားစရာ အရောင်က အနီ၊ လိမ္မော်၊ အဝါ၊ စိမ်းပြာ၊ ခရမ်း ဆိုပြီး ထွေထွေပြားပြား တင်နေကြရင် ဘာကြောင့် အရောင်ဖျော့တွေ မတင်ကြသလဲ။

အင်စတာဂရမ်မှာ သက်တံရောင်စုံစားစရာ ဆိုတဲ့ ခေါင်းစီးနဲ့ ပို့စ် တသိန်းကျော် ရှိပါတယ်။

သက်တံပေါင်မုန့်ဝိုင်း ဆိုတဲ့ ပို့စ်ဟာဆိုရင် အင်တာနက်မှာ တအားပေါက်သွားပါတယ်။ အရောင်စုံ ဂျုံမှုန့်တွေနဲ့ နယ်ပြီး ပေါင်မုန့်ဝိုင်းလို ဖုတ်ထားတာပါ။

ကင်မ် ကာဒါရှီယန်ရဲ့ မိတ်ဆွေ ရုပ်သံစတား ဂျွန်နသန် ချီဘန်းက အင်စတာဂရမ်မှာ စတင်လိုက်ပြီးတဲ့နောက် ဒီ ပေါင်မုန့်တွေ ပေါက်သွားတာပါ။ ဒါကို နယူးယောက်မှာ စကော့ ရိုဆီလို ဆိုသူက အနှစ် ၂ဝ ကျော် လုပ်ရောင်းလာပေမယ့် မသိခဲ့ကြပါဘူး။

A slice of Rainbow sponge cake with five layers: purple, turquoise, green, yellow and red.
ဓာတ်ပုံ ပုံစာ, ဆေးရောင်စုံခဲတံလို အရောင်စုံလှတဲ့ စားစရာတွေကို အင်စတာဂရမ်မှာ လူကြိုက်များ

သက်တံရောင် စားဖွယ်တွေထဲမှာကို ယူနီကွန်း စားစရာ ဆိုတာ ရှိပါတယ်။ ပုံပြင်ထဲကလို ဆန်းပြားလှပတဲ့ ရောင်စုံ စားစရာတွေမို့ ချိုတချောင်းပါတဲ့ မြင်းတွေများ ခုန်ထွက်လာမလား ထင်မှားရလို့ ယူနီကွန်းလို့ ခေါ်ကြတာပါ။ ခဲရောင်စုံလို အရောင်စုံတဲ့ စားဖွယ်တွေက အင်စတာဂရမ်မှာဆို ကြွပြီး အင်မတန်လှပါတယ်။

၂ဝ၁၇ မှာပဲ စတားဘတ် ကော်ဖီကနေ ယူနီကွန်း ကော်ဖီကို ထွင်ပါတယ်။ ပန်းရောင်၊ အပြာရောင်တွေတောက်နေပြီး ပြောင်လက်လက် မလိုင်တွေနဲ့ အုပ်ထားပါတယ်။ တအားပေါက်သွားတာပေါ့။

ဒါပေမဲ့ ဒီသက်တံ စားစရာတွေက သွေးကြောတွေကို ပိတ်တာတော့ မဖြစ်သင့်ပါဘူး။ သက်တံရောင် အရွက်သုပ်တွေမှာလည်း အသီးနဲ့ ဟင်းသီးဟင်းရွက်စုံ ပါပြီး အရောင်လည်း စုံပါတယ်။ ဒါကလည်း ဓာတ်ပုံစားတဲ့ စားစရာမို့ လူသိများပါတယ်။

၃ ။ စားစရာကို ကိုယ့်အကြိုက်ဖြစ်အောင်လုပ်

An image of a couple is seen on the foam of a cup of coffee, at The Tea Terrace in London.
ဓာတ်ပုံ ပုံစာ, ဆယ်လ်ဖီ ကော်ဖီ သောက်ချင်သလား

ကိုယ့်မျက်နှာပုံ ပါတဲ့ ကော်ဖီ သောက်ချင်သလား။ ဒါဆို အင်စတာဂရမ်မှာ တအားလူကြိုက်မယ်။

လန်ဒန် အောက်စဖို့ဒ်လမ်းက Tea Terrace လက်ဘက်ရည်ဆိုင်က ဆယ်လ်ဖီကော်ဖီကို ထွင်ပါတယ်။ စားသုံးသူရဲ့ မျက်နှာပုံ အမြှုပ်တင်ထားတဲ့ ကာပက်ချီနို ကော်ဖီပါ။

ကော်ဖီပေါ်မှာ မျက်နှာပုံ စကန် ဖတ်ပြီး တင်ထားတာလေ။

အကြံကကောင်းတော့ အင်စတာဂရမ်မှာ လူ သုံးထောင်ကျော်က ဒီလို ဆယ်လ်ဖီကော်ဖီပုံတွေ တင်လာတာ တွေ့ရပါတယ်။

Catalan food: Fideuà is like a paella, but cooked with noodles instead of rice.
ဓာတ်ပုံ ပုံစာ, ကာတာလန်ဒေသက ပင်လယ်စာ ခေါက်ဆွဲကြော်

ခနောလို့ မြန်မာပြည်မှာ လူသိများတဲ့ ဂျာမန် အစားအသောက်ကုမ္ပဏီက အင်စတာဂရမ်မှာ တင်တာကြည့်ပြီး လူတွေ ဘာစားချင်တယ်ဆိုတာ သိအောင် နည်းရှာခဲ့ပါတယ်။

လူတွေအကြိုက်ပေါ် တည်ပြီး ခနောမှုန့် ပါတဲ့ ဟင်းချက်နည်းတွေကို EatYourFeed က ခန့်မှန်း တင်ဆက်ပေးပါတယ်။

ဒါကြောင့် ကိုယ် စပိန်ပြည် ဘာစီလိုနာကို သွားရင် ပင်လယ်စာ ခေါက်ဆွဲကြော်လို ဟင်းချက်နည်းတွေကို သူက တင်ဆက်ပေးမှာပါ။

၄။ ရုက္ခ စွမ်းအင်

A green smoothie in a jar
ဓာတ်ပုံ ပုံစာ, မြစိမ်းရောင် ဧကရီ အသီးဖျော်ရည်က ပျစ်ပျစ်နှစ်နှစ် ရှိပေမယ့် သောက်ချင်စဖွယ်ပါ

အင်စတာဂရမ်ကြောင့် သက်သတ်လွတ် အစားအသောက် တော်လှန်ရေး ဖြစ်လာပါတယ်။

နောက်လိုက် တသန်းခွဲလောက် ရှိတဲ့ deliciouslyella အကောင့်မှာ ဆိုရင် အပင်တွေနဲ့ သူ့ဘဝ အကြောင်း အွန်လိုင်းမှာ တင်ပေးသလို ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေအကြောင်းလည်း ပါပါတယ်။

အင်စတာဂရမ်ကြောင့် အရောင်စုံပြီး အရသာရှိတဲ့ စားဖွယ်စုံကို တွေ့လာရတယ်၊ အရင်ကဆို ယုန်စားတဲ့ အစာတွေလို့ ထင်တာတွေလည်း ပျောက်သွားတယ်လို့ ဒီအကောင့်ပိုင်ရှင် အယ်လာက ပြောပါတယ်။

အသီးအရွက်စာတွေဟာ အမြင်လှရုံမက ကျန်းမာရေးနဲ့လည်း ညီတယ်၊ လူတွေကလည်း အင်စတာဂရမ်မှာ ဂုဏ်ယူစွာနဲ့ ပုံတင်ချင်ကြတယ်လေ။

Six small camembert cheeses on greaseproof paper on a rustic tray, daintily decorated with herbs, edible flowers and dribbles of honey
ဓာတ်ပုံ ပုံစာ, စားလို့ရတဲ့ပန်းပွင့်တွေကလည်း အင်စတာဂရမ်မှာ အလုပ်ဖြစ်

wildfoodcafe ဆိုတဲ့ အကောင့်ကတော့ ခပ်ကြမ်းကြမ်း အစာဆန်းတွေ တင်ပါတယ်။

အုန်းနို့၊ ကိုကိုးမှုန့်၊ စွန်ပလွံသီးတွေပါတဲ့ ထူးဆန်းတဲ့ အသီးဖျော်ရည်တွေနဲ့ ထောပတ်သီး၊ တောင်အမေရိကက ကွီနိုစေ့တွေပါတဲ့ အရွက်သုပ်တွေလည်း တင်ပါတယ်။ အားလုံးကတော့ သွားရည်ကျချင်စရာတွေပါပဲ။ သူ့မှာလည်း နောက်လိုက် ခြောက်သောင်းကျော် ပါတယ်။

ဂူဂဲလ်ရဲ့ လေ့လာချက်အရ ၂ဝ၁၂ နောက်ပိုင်း အင်စတာဂရမ် ခေတ်စားလာတဲ့အခါမှာ သက်သတ်လွတ်အကြောင်း လူစိတ်ဝင်စားတာ ပိုများလာတယ်လို့ သိရပါတယ်။

5. ပိုမောက်လျှံကျနေတဲ့အစာ

A crazy freakshake - chocolate and pink glazed donuts extreme milkshake with marshmallows, butterscotch, chocolate sauce and sprinkles in a mason jar. Gray wooden background. on gray wooden table with copy space
ဓာတ်ပုံ ပုံစာ, ဘယ်သူ မစ်ရှိတ် သောက်မလဲ

အင်စတာဂရမ်မှာ စားစာရာတွေကို ပိုပိုမောက်မောက် ပြချင်ကြပါတယ်။

ရေခဲမုန့်၊ ချော့ကလက်ပြားနဲ့ ကိတ်မုန့် စတဲ့ ကယ်လိုရီတွေ အများကြီးပါတဲ့ ဧရာမ မစ်ရှိတ် ဖျော်ရည်အကြောင်း freakshakeလို့ ရိုက်ရှာရင် တွေ့မှာပါ။

ဒီအစားအစာတွေမှာ သကြားဓာတ်တွေ တအားပါနေတာကို သတိထားသင့်တယ်လို့ အစားအသောက် ထိန်းချုပ်ရေး အဖွဲ့တွေက သတိပေးပါတယ်။

မစ်ရှိတ်ပုံတွေ အများကြီးပါတဲ့ ပုံတွေ လိုက်ကြည့်မိရင် တချို့ မုန့်လုပ်နည်းတွေမှာ သကြားက ၃၉ ဇွန်း၊ ကယ်လိုရီက ၁၂ဝဝ ဆိုတာတွေ ဖြစ်နေတာကို တွေ့ရတယ်၊ ကယ်လိုရီ ၃ဝဝ ကျော်တဲ့ မစ်ရှိတ်တွေကို ပိတ်သင့်တယ်လို့ ဒီအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

ဝေဖာမုန့်ခွံထဲကို အသီးတွေ၊ မလိုင်တွေ အချိုတွေ ထည့်တဲ့ ဖောင်းကြွနေတဲ့ ဝေဖာရေခဲမုန့်ကလည်း အင်တာနက်မှာ လှိုင်းထနေပါတယ်။

Birthday cake with highly elaborated icing flowers pipped on top - on gray background
ဓာတ်ပုံ ပုံစာ, အလှဆင်ထားတဲ့ကိတ်

pleesecakes ဆိုတဲ့ အကောင့်ရှင်ကတော့ ချိစ်ကိတ် အလှဆင်သူပါ။ သူ့အလှဆင်ကိတ်တွေနောက်ကို လိုက်သူက တနှစ်ခွဲအတွင်း တသိန်းခွဲလောက် ရှိပါတယ်။

ချော့ကလက်ကိတ်ကနေ သစ်သီးကိတ်ထိ ကိတ်မုန့်စုံကို တင်တဲ့ သူ့အကောင့်ကို လူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ ဘာတွေများ အထူးအဆန်းတွေ လာမလဲ ဆိုပြီးပါ။

၆။ စားသောက်ဆိုင် ဒီဇိုင်းက လန်းမှ

Concept design of modern Restaurant lounge bar - with big windows and lots of lightning
ဓာတ်ပုံ ပုံစာ, စားသောက်ဆိုင်တွေကိုလည်း ဓာတ်ပုံရိုက်လို့ကောင်းအောင် အလင်းပေးလာကြ

အစားအသောက်တင် ပြောင်းတာ မဟုတ်ဘဲ စားသောက်ဆိုင်တွေ ပြင်ဆင်ပုံလည်း တိုးတက်လာပါတယ်။ ဒါမှ အင်စတာဂရမ် ပရိသတ်တွေ ကျေနပ်မှာပါ။

စားသောက်ဆိုင်ကြီးတွေမှာ အလင်းရောင်ကို ထည့်တွက်လာကြတယ်လို့ သတင်းထောက် ဂျော့ရေးနိုးက ပြောပါတယ်။ စားပွဲမှာ ဖုန်းအားသွင်းစရာတွေလည်း ထည့်လာကြတယ်။ ဒါမှ လူတွေ စားရင်းသောက်ရင်း အားသွင်းနိုင်မှာလေ။

အင်စတာဂရမ်မှာ တင်လို့လှအောင်လည်း ဆိုင်တွေကို ပြင်လာကြပါတယ်။ မှန်ထဲမှာ စာချိတ်တာ ၊ ကြွေပြား အလှစီတာ၊ နံရံစက္ကူကို အရောင်အေးအေး ထားတာ စတာတွေပေါ့။

စားစရာတွေ မပြောင်းပေမယ့် ဘယ်မှာ စားတယ်ဆိုတာ ပြောင်းလာပါတယ်။ အားလုံးကလည်း အလှဘက်ကို တိမ်းညွတ်လာတာ တွေ့ရပါတယ်။