ငွေလိမ်ဂိုဏ်းတွေ ရှင်းမယ်လို့ ကမ္ဘောဒီးယား ပြော

ငွေလိမ်ဂိုဏ်းတွေ ရှင်းမယ်လို့ ကမ္ဘောဒီးယား ပြော

အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဖိအားကြောင့် ကမ္ဘောဒီးယားအစိုးရက သူတို့နိုင်ငံထဲက ငွေလိမ်လုပ်ငန်းတွေကို ရှင်းလင်းပစ်မယ်လို့ ပြောပါတယ်။ ဒီ ငွေလိမ်လုပ်ငန်းတွေကို သြဇာကြီးတဲ့ စီးပွားရေးသမားတွေ တည်ထောင်ထားတာ ဖြစ်ပေမဲ့ သူတို့နောက်ကွယ်မှာ တရုတ် ရာဇဝတ်ဂိုဏ်းတွေ ရှိနေပြီး အရှေ့တောင်အာရှ ဒေသထဲကို ထိုးဖောက်ဝင်ရောက်ပြီး အဲဒီကနေ ကမ္ဘာတ၀န်းက လူတွေဆီကနေ ဒေါ်လာဘီလျံနဲ့ချီ လိမ်လည်နေတာပါ။ ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်ဒ်ကို ထိုင်းစစ်တပ်က မကြာသေးခင်က နယ်စပ်ပဋိပက္ခအတွင်း သူတို့သိမ်းထားတဲ့ ကမ္ဘောဒီးယားနယ်မြေထဲက ငွေလိမ်လုပ်ငန်းနေရာတစ်ခုဆီ ခေါ်ပြခဲ့ပါတယ်။ ကိုမိုးမြင့်က ပြန်ပြောပြမှာပါ။