ယာခင်းတွေအပြည့်ဖြန့်လှမ်းထားတဲ့ခရမ်းချဥ်သီးတွေ
ယာခင်းတွေအပြည့်ဖြန့်လှမ်းထားတဲ့ခရမ်းချဥ်သီးတွေ
ရေးသားခဲ့သည်။
တူရကီတောင်ပိုင်းမှာ နိုင်ငံခြားပို့ဖို့ ခရမ်းချဥ်သီးတွေကို အခြောက်ခံဖို့ ကွင်းအပြည့် ဖြန့်လှမ်းထားတာကို ဒရုန်းကနေ တမျှော်တခေါ်ကြီးမြင်ရတာပါ။ ဒီယာဘာကီယာပြည်နယ်က ယာသမားတွေက ဒီခရမ်းချဥ်သီးတွေကို အခြောက်လှမ်းပြီး ဥရောပကိုပို့ကြပါတယ်။
ဥရောပမှာတော့ ပီဇာနဲ့တခြားဟင်းလျာတွေမှာသုံးတဲ့ ခရမ်းချဥ်သီးဆော့စ်လုပ်ကြပါတယ်။ ဒီအချိန်ဆိုရင် ယာလုပ်သားတွေဟာ ဒီဂရီ ၄၀ ကျော်တဲ့အပူချိန်အောက်မှာ ခရမ်းချဥ်သီးတွေ ဖြန့်ခင်းတဲ့အလုပ်ကို တစ်နေကုန်အောင် လုပ်ကြရပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ယာလုပ်ငန်း #ခရမ်းချဥ်သီး #တူရကီ



