အပစ်ရပ်မှုမခိုင်မာလို့ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောတွေ သတိနဲ့ ဖြတ်နေရ

A satellite image of the Strait of Hormuz with two red lines to show shipping lanes.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာရေနံ သုံးစွဲမှု ငါးပုံတပုံ ဖြတ်သန်းသွားနေတဲ့ ဟော်မုဇ် ရေလက်ကြား
    • ရေးသားသူ, တွမ် အက်ဂျင်းတန်၊ ဂျိုရွှာချီသမ်၊ကေလင်း ဒက်ဗ်လင်
    • ရာထူးတာဝန်, BBC Verify
  • ဖတ်ရန်အချိန်: မိနစ် ၇

အီရန်က ကမ္ဘာ့အရေးပါဆုံး ဟော်မုဇ် ရေလက်ကြားကို တကယ့်လက်တွေ့ ပိတ်ဆို့လိုက်ပြီးနောက် အဲဒီနေရာဟာ အမေရိကန်–အစ္စရေး အီရန်စစ်ပွဲရဲ့ အဓိက အာရုံစိုက်ရာနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဧပြီ ၇ ရက်က သဘောတူခဲ့တဲ့ နှစ်ပတ်ကြာ အမေရိကန်–အီရန် အပစ်အခတ်ရပ်စဲမှုမှာ အဲဒီကျဥ်းမြောင်းပြီး အချက်ကျတဲ့ ရေလမ်းကြောင်းကနေ သင်္ဘောတွေကို ''လုံခြုံစွာ'' ဖြတ်သန်းခွင့် ပေးရမယ်ဆိုတဲ့ အာမခံချက်က အချက် တစ်ချက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့သင်္ဘောတွေ အနေနဲ့ ခွင့်ပြုချက်မရှိဘဲ ရေလမ်းကြောင်းကို ဖြတ်ကူးဖို့ ကြိုးစားပါက "ပစ်မှတ်ထား ဖျက်ဆီးမယ်" ဆိုတဲ့ သတိပေးစာတွေ လက်ခံရရှိနေကြပြီး အပစ်ရပ်ပြီးနောက် နောက်မှာဆိုရင် သင်္ဘောအနည်းငယ်သာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အီရန်စစ်ပွဲကာလ ငါးပတ်အတွင်း အဲဒီလို အနှောက်အယှက်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ အလွန်ကြီးမားတဲ့ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ စွမ်းအင်ဈေးနှုန်းတွေကို မတည်ငြိမ်မှုဖြစ်စေသလို နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်တွေက အဲဒီရေလမ်းကြောင်းအပေါ် ဘယ်လောက်အားထားနေရတယ်ဆိုတာကိုလည်း ထင်ရှားပေါ်လွင်ခဲ့ပါတယ်။

စွမ်းအင်အပြင် ဒီလမ်းကြောင်းကနေ မိုက်ခရိုချစ်ပ်တွေ၊ ဆေးဝါးတွေနဲ့ ဓာတ်မြေသြဇာ လိုမျိုးထုတ်ကုန်တွေ အတွက် လိုအပ်တဲ့ ဓာတုပစ္စည်းတွေ သယ်ယူရာမှာလည်း အရေးပါလှပါတယ်။

စစ်ပွဲအတွင်း သိသိသာသာ မြင့်တက်လာခဲ့တဲ့ ရေနံစျေးနှုန်းဟာ အပစ်ရပ်သတင်းကြောင့် ကနဦးမှာ ကျဆင်းသွားခဲ့ပါတယ်။ ကုန်သွယ်ရေကြောင်း လေ့လာသုံးသပ်သူတွေကတော့ အပစ်ရပ်မှုမသေချာမရေရာသေးတဲ့ အချိန်မှာ နိုင်ငံတကာသင်္ဘောလိုင်းတွေဖြတ်သန်းမှုက အနည်းငယ်သာ ရှိမယ်လို့ သတိပေးထား ပါတယ်။

ဗက်စပူချီ သင်္ဘောလိုင်းက လားစ်ဂျပ်ဆန်က ဘီဘီစီကို ပြောကြားရာမှာ "သင်္ဘောလိုင်းအများစုဟာ ဖြတ်သန်းသွားလာဖို့ ဘာတွေ လိုအပ်သလဲဆိုတဲ့ အသေးစိတ်နဲ့ အာမခံချက်တွေ ရယူလိုကြပြီး အဲဒီအသေးစိတ်တွေ မရနိုင်သေးဘူး" လို့ ပြောကြားခဲ့ပါတယ်။

A satellite image of the Strait of Hormuz with ships marked with arrows. It shows hundreds of ships clustered by the strait waiting to pass. It is timestamped to 14:00BST on 9 April
ဓာတ်ပုံ ပုံစာ, ဟော်မုဇ်ရေလက်ကြားပြ မြေပုံ

အပစ်ရပ်ပြီးနောက် ဧပြီလ ၉ ရက် အထိ သင်္ဘော ၁၁ စင်း (ရေနံတင်သင်္ဘော သုံးစင်း၊ ကွန်တိန်နာသင်္ဘော တစ်စင်းနဲ့ ကုန်ခြောက်တင် သင်္ဘော ခုနစ်စင်း) သာ ရေလက်ကြားကို ဖြတ်သန်းသွားနိုင်ခဲ့ပါတယ်။ ဒါက Marine Traffic က သင်္ဘောခြေရာခံအချက်အလက်တွေကို BBC Verify ဌာနက ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဖေဖော်ဝါရီ ၂၈ ရက် ပဋိပက္ခ မစတင်မီက ဒီရေလက်ကြားကို တစ်ရက် ပျမ်းမျှ သင်္ဘော ၁၃၈ စင်း ဖြတ်သန်းခဲ့တာနဲ့ နှိုင်းယှဉ်ထားတာ ဖြစ်ပါတယ်။ ဖြတ်သန်းသွားတဲ့ သင်္ဘောတွေဟာ အပစ်ရပ်ရလဒ်ထွက်ပြီးမှ သွားတာလား၊ ဒါမှမဟုတ် သူတို့ဟာ ဒီခရီးစဉ်အတွက် ကြိုတင်စီစဉ်ထားတာမျိုးရှိခဲ့လား ဆိုတာကိုတော့ သေသေချာချာ မသိရပါဘူး။

ကုန်သွယ်ရေကြောင်းဆိုင်ရာကုမ္ပဏီ Kpler က သုံးသပ်လေ့လာသူ အန်နာ ဆူဘာဆစ်ခ်က "ဒါဟာ အပစ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကျယ်ပြန့်တဲ့ ပြန်လည်ဖွင့်လှစ်မှုကို ထင်ဟပ်တာလား၊ ဒါမှမဟုတ် ကြိုတင်ခွင့်ပြုထားတဲ့ ခြွင်းချက်တစ်ခုလားဆိုတာကို ပြောဖို့ အချိန်စောသေးတယ်"လို့ ဆိုပါတယ်။

"ဘာမှ တကယ်မပြောင်းလဲသေးဘူး" လို့ သင်္ဘောအမှုထမ်းတွေလုံခြုံစွာ ဖြတ်သန်းဖို့ လုံလောက်တဲ့ ယုံကြည်မှုမရခင် အချိန်ယူရမယ်လို့ ဂျပ်ဆန်ကလည်း ထပ်ဖြည့်ပြောပါတယ်။

Lloyd's List ရဲ့ အယ်ဒီတာချုပ် ရစ်ချက်မီရာဒီ ကလည်း အဲဒီ အမြင်ကို ထောက်ခံပါတယ်။ သင်္ဘောပိုင်ရှင်တွေအတွက် တကယ့်ကို "အန္တရာယ်များတဲ့" အချိန်ဖြစ်ပြီး မသေချာမှုတွေ အရမ်းများနေသေးတယ်လို့ သူကဆိုပါတယ်။

"အီရန်က ရေလက်ကြားကို အခြေခံအားဖြင့် ထိန်းချုပ်ဆဲဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သင်္ဘောပိုင်ရှင်တွေဟာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ခွင့်ပြုချက် ရယူဖို့ လိုအပ်မယ်လို့ ယူဆရပြီး အဲဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိသေးဘူး" လို့ သူက ပြောပါတယ်။

BBC Verify က သင်္ဘောတွေနဲ့ သွားလာရာလမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာကြည့်ရာမှာ သူတို့ဟာ အီရန် ကမ်းရိုးတန်းနားက သူတို့ရဲ့ ရေပိုင်နက်အတွင်းမှာရှိတဲ့ ရေလက်ကြားရဲံ မြောက်ဘက်လမ်းကြောင်းအတိုင်းသွားနေတာကို တွေ့ရပါတယ်။ ပဋိပက္ခ မဖြစ်ခင်က သင်္ဘောတွေဟာ ပုံမှန်အားဖြင့် ရေလမ်းကြောင်းရဲ့ အလယ်ဗဟိုက တဆင့် တောင်ဘက်ကို ပိုမိုဦးတည်တဲ့ လမ်းကြောင်းကို သုံးလေ့ရှိပါတယ်။

သင်္ဘောအစင်းပေါင်း ရာချီရှေ့မဆက်နိုင် ဖြစ်နေ

ဖြတ်သန်းမှုတွေ ပြန်လည်စတင်ရင် ကုန်ပစ္စည်း အပြည့်တင်ဆောင်ထားပြီး သောင်တင်နေတဲ့ရေနံတင်သင်္ဘောတွေ ပထမဆုံး ဖြတ်သန်းလာလိမ့်မယ်လို့ မီရာဒီက မျှော်လင့်နေပါတယ်။

"သင်္ဘော အစင်း ၈၀၀ နီးပါးဟာ ရက်သတ္တပတ်အတန်ကြာ ဒီမှာ ပိတ်မိနေခဲ့တာပါ။ အများစုဟာ ကုန်ပစ္စည်း တင်ဆောင်ထားပြီးသားဆိုတော့ ဦးစားပေးက သူတို့ကို ထုတ်ယူဖို့ပဲ ဖြစ်လိမ့်မယ်။"

နှစ်ပတ်ကြာ အပစ်ရပ်ကာလရဲ့ ကြာချိန်ကလည်း သင်္ဘောတွေ အတွက် မသေချာမှုတွေ ဖြစ်စေတယ်လို့ BIMCO က ကုန်သွယ်ရေကြောင်း လေ့လာသုံးသပ်သူ နီးလ်စ် ရက်စမူဆန်က ပြောပါတယ်။

'' သင်္ဘောကုမ္ပဏီတွေက နှစ်ပတ်အပစ်အခတ်ရပ်စဲမှု ပြီးသွားရင် ထွက်လမ်းမှာပိတ်မိနိုင်တာကို စိုးရိမ်ကြလို့ ပင်လယ်ကွေ့ကို အများအပြား မဝင်ရဲကြဘူး'' လို့ ဆိုပါတယ်။

နောက်ထပ် မသေချာမှုတစ်ခုက ရေလက်ကြားမှာ ရေမိုင်းတွေ ရှိနေနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောပို့ဆောင်ရေးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် သောမတ်စ် ခါဇာခေါ့စ်က ပြောပါတယ်။

"သင်္ဘောတွေနဲ့ သင်္ဘောသားတွေအတွက် သွားလာရေး ဘေးကင်းလုံခြုံမှုကို သဘောတူညီပြီးပြီဆိုတဲ့ ရှင်းလင်းတဲ့ အတည်ပြုချက်ကို ကျွန်တော်တို့ ရရှိဖို့ လိုအပ်ပါတယ်" လို့ သူက BBC Verify ဌာနကိုပြောကြားခဲ့ပါတယ်။

ဖြတ်သန်းခ ပေးရမလား

ဒီလို စိုးရိမ်မှုတွေ အပြင် သင်္ဘောတွေဟာ လုံခြုံစွာ ဖြတ်သန်းခွင့်ရရှိဖို့ အတွက် အီရန်ကို ငွေပေးချေရမယ့် မသေချာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အပစ်ရပ်စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အခွန်ကောက်ခံမှု ပါဝင်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ဖြစ်လာတာပါ။

ဂျပ်ဆန်က "အီရန်ရဲ့ ညှိနှိုင်းရေးရပ်တည်ချက်က ရေလက်ကြားကိုဖြတ်ဖို့ အခွန်ပေးဆောင်ရမယ်လို့ ဖြစ်ပုံရပြီး သင်္ဘောလိုင်းတွေကလည်း အဲဒီအခွန်ပေးဆောင်ဖို့ လမ်းကြောင်းအတိုင်း လျှောက်ဖို့ တုံ့ဆိုင်းနေကြလိမ့်မယ်" လို့ ပြောပါတယ်။

အိန္ဒိယ၊ မလေးရှားနဲ့ ဖိလစ်ပိုင်အပါအဝင် နိုင်ငံအချို့က မကြာခင် ရက်သတ္တပတ်တွေအတွင်း သူတို့ရဲ့ သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။

ဒါပေမယ့် အခွန်ပေးဆောင်ခြင်းက အခြားနိုင်ငံတွေနဲ့ သင်္ဘောကုမ္ပဏီတွေအတွက် နောက်ထပ် ရှုပ်ထွေးမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အကြောင်းကတော့ ငွေပေးချေမှုဟာ "အမေရိကန်ရဲ့ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတချို့ကို အမှန်တကယ် ချိုးဖောက်မိနိုင်ပြီး သင်္ဘောလိုင်းတွေအတွက် တခြား နောက်ဆက်တွဲသက်ရောက်မှုတွေ ရှိစေနိုင်သောကြောင့်" ဖြစ်ကြောင်း ဂျန်ဆန်က ထပ်လောင်းပြောပါတယ်။

Quadrant Chambers က ကုန်သွယ်ရေကြောင်း ရှေ့နေ ဂျိမ်းစ်တာနာ ကတော့ ပိတ်ဆို့အရေးယူမှုတွေ၊ လူပုဂ္ဂိုလ်၊ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေကို ငွေပေးချေမှုဟာ ရာဇဝတ်မှုမြောက်တယ်လို့ သူက ထောက်ပြပါတယ်။

အဖွဲ့အစည်း လူပုဂ္ဂိုလ် တစုံတခုကို အမေရိကန်က ခြွင်းချက်မသတ်မှတ်ရင် အဲဒီ စာရင်းဝင်သူတစ်ဦးဦးနဲ့ ငွေပေးငွေယူ လုပ်တာဟာ ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ရာရောက်တာကြောင့် လက်ရှိမှာ ပိတ်ဆို့ အရေးယူခံထားရတဲ့ အီရန်ကို အခွန်ပေးဆောင်ခြင်းဟာ ဥပဒေ ချိုးဖောက်မှုဖြစ်လာလိမ့်မယ်လို့ သူက BBC Verify ကို ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးချိန်မှာ ရေနံဈေးနှုန်းတွေ များစွာ ကျဆင်းခဲ့ပေမယ့်၊ အဲဒီ သဘောတူညီချက် တိတိကျကျ ဆက်လက် တည်ရှိနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနောက်မှာတော့ ရေနံဈေးတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

The BBC Verify banner.