လူငယ် အလုပ်လက်မဲ့ ဦးရေ ဘာကြောင့်မြင့်တက်လာ

ဗီဒီယို ပုံစာ, လူငယ် အလုပ်လက်မဲ့ ဦးရေ မြင့်တက်လာနေတာ ဘာကြောင့်လဲ
လူငယ် အလုပ်လက်မဲ့ ဦးရေ ဘာကြောင့်မြင့်တက်လာ
ရေးသားခဲ့သည်။

ကမ္ဘာတဝန်းမှာ လူငယ်တွေ အလုပ်အကိုင်ရရှိဖို့ ပိုမိုခက်ခဲလာနေပါတယ်။ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်အရ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာနဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာကြောင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ တောင်အာရှဒေသတွေမှာ လူငယ်တွေအနေနဲ့ ပညာသင်ရေး ပြီးဆုံးလို့ အလုပ်အကိုင် ရှာဖွေတဲ့ အခါ ပိုမိုအခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ လူငယ်တွေ ဘာတွေ ရင်ဆိုင်နေရသလဲဆိုတာနဲ့ ပတ်သက်လို့ BBC သတင်းထောက် အီမန် မိုဟာမက် ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။