ထား၀ယ်က မြင်ရတဲ့လောင်းလုံးတောင်တန်း မြေပြိုမှု
ထား၀ယ်က မြင်ရတဲ့လောင်းလုံးတောင်တန်း မြေပြိုမှု
ရေးသားခဲ့သည်။
လောင်းလုံးတောင်တန်းမြေပြိုကျမှုကို ထား၀ယ်ဘက်ခြမ်းကနေ ရိုက်ကူးထားတဲ့ ရုပ်သံတစ်ခုကို ဒေသခံတစ်ဦးက ဘီဘီစီကို ပေးပို့လာပါတယ်။
တနင်္သာရီတိုင်း၊ ထား၀ယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်ထဲ စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်မှာဖြစ်ပွားတဲ့ လောင်းလုံးတောင်တန်း မြေပြိုကျမှုတွေမှာ သေဆုံးသူ ၁၃ ဦးအထိရှိလာတယ်လို့ ထား၀ယ်အမျိုးသားအဖွဲ့ချုပ်က ပြောပါတယ်။
အင်း၀တောင်နဲ့ သဲပုံရွာရှိတဲ့ မင်းရပ်တောင်တို့မှာလည်း မြေပြိုကျနေတာကို ရုပ်သံထဲမှာ မြင်နိုင်ပါတယ်။
လောင်းလုံးတောင်တန်း နေရာအချို့မှာ မြေပြိုပြီး တောင်ကျရေတွေ စီးကျနေတာကိုလည်း မြင်ရတယ်လို့ ဒေသခံက ရုပ်သံထဲမှာပြောထားပါတယ်။



