ဒေါ်နယ်ထရမ့်မိန့်ခွန်းအပြီး ရေနံဈေးပြန်တက်

ဒေါ်နယ်ထရမ့်မိန့်ခွန်းအပြီး ရေနံဈေးပြန်တက်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နဲ့ စစ်ပွဲမှာ အမေရိကန်ရဲ့ အဓိက မဟာဗျူဟာမြောက် ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လုနီးပြီ ဖြစ်တယ်လို့ ပြောပါတယ်။ မစ္စတာ ထရမ့်က အမေရိကန်အနေနဲ့ စစ်ကို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့ရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် မိန့်ခွန်းထဲမှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်မယ့် နည်းလမ်းတွေ မချပြသွားနိုင်တာကြောင့် ရေနံဈေးတွေ ပြန်တက်လာပါတယ်။ ဘီဘီစီသတင်းထောက် ဒေးဗစ် ဝီးလစ္စရဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။