ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်အစိုးရနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု
နေပြည်တော်အစိုးရနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု
စစ်ခေါင်းဆောင်ကနေ သမ္မတအဖြစ် ကျမ်းကျိန်တဲ့မိန့်ခွန်းမှာ နိုင်ငံတကာဆက်ဆံရေးကို ဟန်ချက်ညီအောင် ဆောင်ရွက်မှာဖြစ်ပြီး အာဆီယံနဲ့ ပုံမှန် ဆက်ဆံရေး ပြန်ရအောင် ကြိုးပမ်းမယ်လို့ ဦးမင်းအောင်လှိုင်က ပြောထားပေမဲ့ ဒီနေ့ထိ ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ နိုင်ငံ့ခေါင်းဆောင်နေရာ ဖော်ပြမှုမှာ အပြောင်းအလဲ မရှိပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရသစ်နဲ့ သမ္မတသစ်ကို တရားဝင်အသိအမှတ်ပြုမှုအခြေအနေ ဘယ်လိုရှိပါသလဲ။ မရွှေပိုးနီက ပြောပြမှာပါ။