ကိုးကန့်တပ် MNDAA နဲ့ စစ်တပ် တွေ့ဆုံဖို့ စီစဉ်မှု အခြေအနေပြောင်းနိုင်
ကိုးကန့်တပ် MNDAA နဲ့ စစ်တပ် တွေ့ဆုံဖို့ စီစဉ်မှု အခြေအနေပြောင်းနိုင်
ရေးသားခဲ့သည်။
နေပြည်တော် အစိုးရရဲ့ ရက်တစ်ရာ စီမံချက် အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်တပ်တို့အကြား အပစ်အခတ် ရပ်စဲရေး နဲ့ ပတ်သက်လို့ တစ်ဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ မကြာခင် ကာလအတွင်းမှာ မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း အတွင်းမှာ ကွတ်ခိုင် မြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီလို တိုက်ခိုက်မှုကြောင့် ကိုးကန့်တပ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားမှု ဘယ်လို အခြေအနေ ဖြစ်သွားမှာလဲ။ ကိုဝေဖြိုးက ပြောပြပေးထားပါတယ်။



