ပေ ၄၀ ကျော် နက်တဲ့ ရေတွင်းထဲက ခြင်္သေ့မကို ကယ်

ပေ ၄၀ ကျော် နက်တဲ့ ရေတွင်းထဲက ခြင်္သေ့မကို ကယ်
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဂျူနာဂါ့ဒ်ခရိုင်မှာ ပေ ၄၀ ကျော်နက်တဲ့ ရေတွင်းထဲ ကျနေတဲ့ ခြင်္သေ့မတစ်ကောင်ကို ကယ်တင်ခဲ့ရတာကို တွေ့ရမှာပါ။ ယာရှင်တစ်ယောက်က သူ့အခင်းထဲလာချိန်ရေတွင်းထဲက ခြင်္သေ့ကိုတွေ့လို့ သစ်တောဌာနကို အကြောင်းကြားခဲ့တာပါ။ ကယ်တင်ရေးလုပ်ငန်းက နှစ်နာရီကျော်ကြာခဲ့ပြီး ခြင်္သေ့မကို တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ခေါ်သွား စစ်ဆေးပေးပြီး တေထဲပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီဒေသက ဂီယာအမျိုးသားဥယျာဥ်မှာ မျိုးတုံးလုအန္တရာယ်ရှိနေတဲ့ အာရှခြင်္သေ့တွေနေကြပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #ခြင်္သေ့ #တိရစ္ဆာန် #အိန္ဒိယ