ခရီးသည်လှေကို အပြေးလိုက်တဲ့ ရေမြင်း

ဗီဒီယို ပုံစာ, ခရီးသည်လှေကို အပြေးလိုက်တဲ့ ရေမြင်း
ခရီးသည်လှေကို အပြေးလိုက်တဲ့ ရေမြင်း
ရေးသားခဲ့သည်။

အာဖရိကတောင်ပိုင်း ဘော့ဆွာနာမှာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ လှေကို ရေမြင်းတစ်ကောင်က အပြေးလိုက်တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဧည့်လမ်းညွှန်က ရေမြင်း လန့်မသွားအောင် အနှောင့်အယှက်မပေးမိအောင် လှေကို စက်ရှိန်လျှော့ပြီးမောင်းခဲ့ပေမဲ့ ရေမြင်းက နောက်က တအားလိုက်လာလို့ မောင်းပြေးခဲ့ရတာပါ။ ဗီဒီယိုရိုက်ယူခဲ့တဲ့ အော့ဇနာဘဲလ်က သူ့ဘဝမှာ အထိတ်လန့်ဆုံးဖြစ်ခဲ့ရတဲ့ အတွေ့အကြုံပဲလို့ပြောပါတယ်။ သူ့ကလေးသုံးယောက်နဲ့ မိတ်ဆွေလည်းလှေပေါ်ပါလာလို့ အားလုံး အတော်ကြီးကြောက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အားလုံး ဘေးမသီရန်မခထွက်လာနိုင်ခဲ့ကြပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #တိရစ္ဆာန် #ရေမြင်း #အာဖရိက