နှစ်စဉ် မွေးကင်းစ ကလေးသေဆုံးမှု တသန်းရှိ

တနှစ်ကို မွေးကင်းစ ကလေးတသန်း သေဆုံးနေ
ဓာတ်ပုံ ပုံစာ, တနှစ်ကို မွေးကင်းစ ကလေးတသန်း သေဆုံးနေ
ရေးသားခဲ့သည်။

ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း မွေးမွေးချင်း သေဆုံးတဲ့ ကလေးအရေအတွက် တသန်းရှိတယ်လို့ Save the Children လူမှုကယ်ဆယ်ရေး အဖွဲ့ကြီးက ပြောပါတယ်။

အမျိုးသမီးတွေ အားလုံးကို ကျန်းမာရေး ဝန်ထမ်းတွေက ကာကွယ်စောင့်ရှောက်မှု ပေးနိုင်တယ် ဆိုရင် ဒီအရေအတွက်ရဲ့ ထက်ဝက်ဟာ အသက်ဘေးကနေ အကာကွယ် ပေးနိုင်မှာ ဖြစ်တယ်လို့ Save the Children အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လမစေ့ဘဲ မွေးတာတို့ ၊ မီးဖွားစဉ် ကြုံတွေ့ရတဲ့ ကျန်းမာရေး ပြဿနာတွေဟာ အဓိက အန္တရယ်ဘဲလို့ ဆိုပါတယ်။

လေ့ကျင့်သင့်ကြားထားခြင်း မရှိတဲ့ အရပ်လက်သည်တွေနဲ့ နှစ်စဉ် မီးဖွားနေရတဲ့ အမျိုးသမီး အရေအတွက် သန်းလေးဆယ်လောက် ရှိနေတဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ နိုင်ငံအသီးသီးက အစိုးရတွေ ကို Save the Children အဖွဲ့ကြီးက ပန်ကြားထားပါတယ်။

တောင်ဆူဒန် လို အခြေအနေ အဆိုးဆုံး ရှိတဲ့ နိုင်ငံတွေမှာ ဆိုရင် မီးယပ်သားဖွား သူနာပြု ဆရာမ အယောက် သုံးရာက အမျိုးသမီး ၁၀သန်းကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတယ်လို့ အဖွဲ့ကြီးက ထောက်ပြထားပါတယ်။