၂၀၂၂ ဆိုနီ ကမ္ဘာ့ဓာတ်ပုံဆုရ ဓာတ်ပုံတွေ

ရေးသားခဲ့သည်။

၂၀၂၂ ဆိုနီ ကမ္ဘာ့ဓာတ်ပုံဆု Open Category အတွက် ဆု ဆွတ်ခူးရရှိသူတွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ဒီနှစ်ပြိုင်ပွဲကို ဓာတ်ပုံပေါင်း ၁၇၀,၀၀၀ ပုံတင်သွင်းခဲ့ကြပြီး ဓာတ်ပုံသမားပေါင်း ၁၀၀ ကျော် ဆန်ခါတင်အရွေးခံခဲ့ရပါတယ်။

ဆန်ခါတင်စာရင်းဝင် အောင်မြင်သူတိုင်းဟာ Open Photographer of the Year ဆိုတဲ့ ဂုဏ်ထူးနဲ့ ဆုငွေ ဒေါ်လာ ၅ ၀၀၀ ရဖို့အတွက် ဆက်ပြီးရွေးချယ်တာ ခံရဦးမှာပါ။

ကန့်သတ်ချက်မရှိ (Open Category)၊ ကျောင်းသား(Student Category)၊ လူငယ် (Youth Category)၊ ပရော် ဖက်ရှင်နယ် (Professional Category)စတဲ့ ပြိုင်ပွဲ အသီးသီးအတွက် နောက်ဆုံး ဆုရသူတွေကို လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ ကြေညာသွားမှာပါ။

ဒီကန့်သတ်ချက်မရှိ (Open Category)မှာ အမျိုးအစားအလိုက် ဆုရတဲ့ သူတွေ၊ သူတို့ရဲ့ မှတ်ချက်စကားတွေနဲ့ သူတို့ရဲ့ ဓာတ်ပုံ တွေပါ။

Person on a bike cycling past a colourful wall decorated with flowers
1px transparent line

ပန်းတွေနဲ့ စက်ဘီး - တန် ငွင် ဖွတ်ခ်၊ဗီယက်နမ်

အမျိုးအစား - ခရီးသွား(Travel)

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က ဟနွိုင်းမှာ လမ်းက စုစုပေါင်း ၃၆ လမ်းပဲ ရှိပါတယ်၊ အခုတော့ အများကြီးတိုးလာပါပြီ၊ ဒါပေမယ့် လမ်းပေါ်က ယဉ်ကျေးမှုက ခိုင်ခိုင်မာမာ ဆက်ရှိနေတုန်းပါ။"

"မိန်းလမ်းမကြီးတွေမှာ ဆိုင်တွေအများကြီးပေါ်လာပါတယ်။ ဒါပေမယ့် လမ်းဟောင်းတွေပေါ်မှာ လှည့်လည်ရောင်းချတဲ့ စျေးသည် တွေ ရှိတုန်းပါ။"

"သီတင်းပတ်ကုန် ရက်အားရက် ၂ ရက်မှာ လမ်းလျှောက်ပြီးဖြစ်ဖြစ်၊ စက်ဘီးနဲ့ဖြစ်ဖြစ် လမ်းတွေပေါ် စျေးလျှောက်ရောင်းနေတဲ့ စျေးသည်တွေနောက် လိုက်ကြည့်ပါတယ်။"

"ဒီမှာ အကြိုက်ဆုံးပုံပါ။"

Short presentational grey line
Black and white photo of a beekeeper
1px transparent line

ပျားရည် သိမ်းသူ - အုဆတ် အာမက် အာကက်ရှ်၊ ဘင်္ဂလားဒေ့ရှ်

အမျိုးအစား - ဘဝနေထိုင်မှု (Life Style)

"ပျားရည် သိမ်းသူတွေက ဆောင်းတွင်းမှာ သိမ်းကြပါတယ်။"

"မုန်ညင်းနက်ခင်းတွေဘေးမှာ ပျားဂေဟာ လုပ်ရင် ပျားရည်ပိုရတယ်လို့ ဆိုကြပါတယ်။"

"ဒီမြင်ကွင်းမျိုး ဘင်္ဂလားဒေ့ရှ်က နယ်တွေဘက်မှာ မကြာခဏတွေ့ရတတ်ပါတယ်။"

Short presentational grey line
People surfing at sea with a pier visible in the distance
1px transparent line

လှိုင်းစီး ပွဲတော် - ရိုင်ဒို နတ်ခ်၊ အက်စတိုးနီးယား

အမျိုးအစား - ရွေ့လျားမှု(Motion)

"အဲဒီညနေက မြင်ခဲ့ရတဲ့အထဲ အကြီးဆုံးလှိုင်းတွေပါ၊ နယ်သာလန်မှာ ရိုက်ခဲ့ပါတယ်။"

"လှိုင်းတွေနဲ့ မိုးသည်းတွေက ဘာနဲ့မှ မတူတဲ့ ဝန်းကျင်ရဲ့ သွင်ပြင်ကို ဖော်ကျူးခဲ့ပါတယ်။"

Short presentational grey line
Black and white photo of a child looking behind them at a car as they run in a street
1px transparent line

ဟာဗားနား ထွက်အပြေး - အက်တီရန်း ဆူချွန်း၊ ပြင်သစ်

အမျိုးအစား - Street Photography

"ကျူးဘားနိုင်ငံ၊ ဟာဗားနားမှာ တလကြာ ခရီးသွားရင်း ၃၅ မီလီမီတာ ကင်မရာနဲ့ ရိုက်လို့ ထွက်လာတဲ့ ထောင်နဲ့ချီ ပုံတွေထဲက တတိယမြောက်ပုံပါ၊ အကြိုက်ဆုံးပုံပါ။"

"အလန့်တကြားဖြစ်စရာ တခုခု ဖြစ်ပုံရပါတယ်၊ ကားက လမ်းမလယ်မှာ ဆွဲကွေ့တယ်၊ ဒီကလေးက တခုခုဖြစ်မှာစိုးလို့ ပြေးထွက် လာတဲ့ပုံပါ။"

Short presentational grey line
A chair and coat stand leaning against a wall
1px transparent line

တပတ်နွမ်း - လီယိုနာဒို ရိုင်းစ် ဂွန်ဇားလက်၊ မက္ကဆီကို

အမျိုးအစား -အရာဝတ္တု(Object)

"စွန့်ပစ်လိုက်တဲ့ တပတ်နွမ်း အရာတွေက တစုံတယောက်အတွက် တန်ဖိုးရှိနိုင်သေးသလို ဓာတ်ပုံရိုက်ဖို့ ဒါမှမဟုတ် အနုပညာတခု လည်း ဖြစ်လာနိုင်ပါတယ်။"

Short presentational grey line
Black and white photo of a teenage boy with wet hair
1px transparent line

အဆုံးမဲ့ နွေရာသီ နဲ့ လှိုင်းစီးသူ - ဆီမွန်နေး ကော်ရယ်လီနီ၊ အီတလီ

အမျိုးအစား - ပုံတူဓာတ်ပုံ (Portraiture)

"ဆီမွန်နီ ဂျန်တိုင်း၊ ၁၆ နှစ် အရွယ် ရေလှိုင်းစီးသူ"

Short presentational grey line
Black and white photo of a wild mustang stallion kicking up dust
1px transparent line

ဒေါသ ထိန်းခြင်း - စကော့ ဝဲလ်ဆင်၊ ယူကေ

အမျိုးအစား - သဘာဝ နဲ့ တောရိုင်း ဘဝ(Natural World and Wildlife)

"ကော်လိုရာဒိုပြည်နယ်မှာ အမေရိကန် မြင်းရိုင်းလေး တကောင် ဖုန်ထသွားအောင် ခွာယက်နေပါတယ်။"

Short presentational grey line
Black and white photo of a building
1px transparent line

အဟောင်းနဲ့ အသစ် ဆုံတွေ့ခြင်း - အန်တိုနီ ချန်း၊ ဟောင်ကောင်

အမျိုးအစား - ဗိသုကာ(Architecture)

"ဟောင်ကောင် စက်မှုဇုန်တခုထဲမှာပါ၊ အဟောင်းတွေနဲ့ အသစ်တွေ ရောထွေးယှက်တင် ဖြစ်နေတာကို ရိုက်ထားပြရင်း ထင်းကနဲ ကွဲပြားနေတဲ့ မတူညီမှုတွေ အတူရှိနေတာကို မီးမောင်းထိုးပြလိုတာပါ။"

"မြို့ရဲ့ ဗိသုကာကို အဖြူအမဲ နဲ့ ရိုက်ရင်း အရိပ်တွေ၊ အလင်းတွေ နဲ့ ပံ့ပိုးပေးထားပါတယ်။"

Short presentational grey line
A red portrait of a woman with her eyes closed
1px transparent line

ခေါင်းစဉ်ပေးမထား - အစ်ဇဘဲလ် ဆယ်မွန်၊ ယူကေ

အမျိုးအစား - ဖန်တီးမှု(Creative)

"အမေက နားထဲက အစိတ်အပိုင်းလေးတွေ ရောင်တဲ့ ဝေဒနာရနေသလို၊ ၀န်းကျင်အခြေအနေပေါ်မူတည်ပြီး မူးတတ်တဲ့ ဝေဒနာ ရနေပါတယ်၊ သူ့ကို မှတ်တမ်းတင်ဖို့ စိတ်ကူးကြည့်ပါတယ်။"

"အသံတွေ၊ တခြားအာရုံတွေကို ထည့်ပြီးစဉ်းစားတယ်၊ အမေနဲ့လည်း တိုင်ပင်ပြီး စကားတွေပြောကာ installation တခု ဖန်တီးနိုင်ဖို့ မျှော်လင့်ထားပါတယ်။"

Short presentational grey line
Black and white photo of sunflowers
1px transparent line

အများအပြား ထွက်ခွာခြင်း - ဗင်းဆဲင့် အန်ဆိုလာ၊ စပိန်

အမျိုးအစား - ကျေးလက် တောတောင် သဘာဝ ရှုခင်း (Landscape)

"စပိန်ရဲ့ အနောက်မြောက်ပိုင်းက ကက်စ်တယ်လာ နဲ့ လီယွန် တို့မှာ နေကြာပန်းခင်းတွေကို တွေ့တယ်။ နေကြာပန်းတွေက ဘုရားသခင်ကို အမြဲကြည့်နေသလို နေရဲ့ လမ်းကြောင်းအတိုင်း မျက်နှာမူပြီး လိုက်ကြတယ်။

"သူတို့ ညှိုးခြောက်နေပေမယ့် မာနနဲ့ ရပ်နေဆဲပါ။"

"သူတို့ကို ရိုက်ဖို့ ကင်မရာကို ချိန်လိုက်ချိန်မှာတော့ နေကြာပန်းတွေလို့ မမြင်တော့ပါဘူး၊ အမျိုးသမီးတွေ ရှေးရိုးရာအဝတ်အစားနဲ့ လမ်းလျှောက်သွားနေသလိုပါလားလို့ ထင်မိလေရဲ့။"

ဓာတ်ပုံမူရင်း - 2022 Sony World Photography Awards.