တိုကျိုရဲ့ ညအလှ

People walk past advertising
ရေးသားခဲ့သည်။

ဂရပ်ဖစ် ဒီဇိုင်နာသမားနဲ့ ဗီဒီယိုဂိမ်းဖန်တီးသူ လီယန်ဝေါင်ဟာ ဓာတ်ပုံဆရာတဦးအဖြစ် ပြောင်းလဲခံယူခဲ့ပြီး ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုညအလှကို မှတ်တမ်းတင်ခဲ့ပါတယ်။

ဝေါင်ရဲ့ ဓာတ်ပုံတွေမှာ ဗီဒီယိုဂိမ်း ဖန်းတီးသူနဲ့ သူဖန်တီးခဲ့တဲ့ ဆော့ဖ်ဝဲနည်းပညာတွေ ထင်ဟပ်နေပြီး မြို့ရဲ့ စရိုက်ကို သဘာဝအတိုင်းပေါ်လွင်စေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

"တကယ့် ဖြစ်ရပ်တွေကို မှတ်တမ်းတင်ပြီး ဒဏ္ဍာရီဆန်ဆန် ပြောင်းလဲချင်တယ်။ ဒါမှ တကယ့်သရုပ်မှန် ဖော်ကျူးတဲ့ ဓာတ်ပုံတပုံချင်းကို ခံစားတဲ့သူတွေ မေးခွန်းထုတ်လာမှာပါ " လို့ ဝေါင်က ပြောပါတယ်။

Alleyway in Tokyo with signs for restaurants
Presentational white space

စကော့တလန်က အက်ဒင်ဘရာမြို့မှာ ဝေါင်က ကြီးပြင်းခဲ့ပါတယ်။ ဒန်ဒီးက အဘတ်တေး တက္ကသိုလ်မှာ ပညာ မသင်မီအထိ ဗီဒီယိုဂိမ်းတွေကို စွဲလမ်းနှစ်ခြိုက်စွာ ကစားခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှာ သူငယ်ချင်းတွေနဲ့ အတူ ဗီဒီယိုဂိမ်း တခုကို ဖန်တီးခဲ့ပါတယ်။

နောက်ပိုင်း Far Cry 4 ဗီဒီယိုဂိမ်းကို ဖန်တီးနေစဉ်မှာ ဓာတ်ပုံရိုက်တာကို စိတ်ဝင်စားလာပြီး နေရာအနှံ့ခရီး ထွက်ခဲ့ပါတယ်။

A car through the hole in a metal wall
Presentational white space

"အဆောက်အအုံတွေ၊ အထားအသိုအခင်းအကျင်းတွေ၊ အချိုးအစားတွေကို ကျွန်တော် မျက်စိကျမိပါတယ်၊ လန်ဒန်နဲ့ ပြင်သစ်ကို သွားလည်ပြီးတဲ့နောက် ဗိသုကာ လက်ရာတွေကြောင့် မြို့နဲ့ ပတ်သက်ရင် မတူညီတဲ့ ခံစားချက်တွေ ရလာပါတယ်" လို့ ဝေါင်က ပြောပါတယ်။

၂ဝ၁၄ ခုနှစ် ပထမဆုံး ဂျပန်ခရီးစဉ်မတိုင်မီမှာ သူက ကင်မရာတလုံး ဝယ်ခဲ့ပြီး မြို့ကို စူးစမ်းလေ့လာဖို့ စီစဉ် ခဲ့ပါတယ်။

ဒီလိုနဲ့ နောက်တနှစ်မှာ တိုကျိုမြို့ရဲ့ သည်းထန်တဲ့ မိုးအောက်မှာ ဝေါင်ရောက်ရှိနေပါပြီ။

"စိတ်ကူးထဲက မြို့က အသက်ဝင်လာပါတယ်" လို့ ဝေါင်က ပြောပါတယ်။

Taxis
Presentational white space

"ကွဲပြားတဲ့ သရုပ်သကန်တွေကို ဖော်ကျူးပါတယ်၊ Blade Runner ဇာတ်ကားကို ကို ဖန်တီးတဲ့ Ridley Scottနဲ့ ဒီဇိုင်နာ Syd Mead၊ Enter the Void ဇာတ်လမ်းကို ဖန်တီးတဲ့ Gaspar Noe တို့ရဲ့ ကမ္ဘာထဲ ရောက်သွားသလိုပါပဲ" လို့ ဝေါင်က ပြောပါတယ်။

တိုကျိုမြို့ရဲ့ညဘက်မှာ လှုပ်ရှားနေတဲ့ လမ်းတွေကို နှစ်အတော်ကြာကြာ မှတ်တမ်းတင်ခဲ့ပြီး အခု သူရဲ့ ပထမဆုံး ဓာတ်ပုံ စာအုပ် TO:KY:OOကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

မီးအိမ်
Presentational white space
Underground tunnel
Presentational white space
Self-Portrait in Midgar
Presentational white space
Rain at night
Presentational white space
Street scene
Presentational white space
Night train
Presentational white space
Women in kimonos
Presentational white space

All photographs © Liam Wong. TO:KY:OO is published by Thames & Hudson.