ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ဆော်ဒီမြို့တော်ရဲ့ နိုင်ငံတကာ လေဆိပ်ကို ဟူသီတွေ ဒုံးကျည်နဲ့ ပစ်လို့ လူ တစ်ဒါဇင်ထက်မနည်း သေဆုံး၊ ၃၀၀ ကျော် ဒဏ်ရာရ
ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ် (တနင်္ဂနွေည ၁၁၊၁၀၊၂၀၂၆) လန်ဒန်မြို့တော် ဘီဘီစီရုံးချုပ် စတူဒီယိုထဲကနေ ဘီဘီစီမြန်မာပိုင်းရဲ့ မြန်မာစံတော်ချိန် ည ၈နာရီ ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှုတွေကို၊ ညစဥ် ရုပ်သံ အနေနဲ့လည်း ဖေ့စ်ဘုတ်နဲ့ ယူကျုတို့ကနေ တပြိုင်တည်း တင်ဆက် ပေးနေပြီ ဖြစ်ပါတယ်။ ဒီည အတွက် ထိပ်တန်း သတင်းတွေကတော့ ... - ဆော်ဒီအာရေဗျ မြို့တော်က အဓိက နိုင်ငံတကာလေဆိပ်ကို ဟူသီတွေ၊ ဒုံးကျည်နဲ့ တိုက်ခိုက်၊ လူ တစ်ဒါဇင်ထက် မနည်း သေဆုံးကြောင်း အတည်ပြုထားပြီး၊ ၃၀၀ ကျော် ဒဏ်ရာရ - မြန်မာမှာလည်း စစ်တပ်က နေရာတချိူ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်၊ နယ်မြေ အများစု လက်လွှတ်ထားရတဲ့ ရခိုင်ကို ဆက်တိုက် ပစ်မှတ်ထားနေပြီး၊ မနေ့ညကလည်း ပေါက်တော မြို့နယ်ထဲ ဗုံးကြဲလို့ အမျိုးသမီးအများစု ဖြစ်တဲ့ လူ ၇ ယောက် သေဆုံးတယ်လို့ ဒေသတွင်း သတင်းတွေက ပြော - အညာ ရွှေဘိုနယ်ထဲမှာလည်း ဗုံးကြဲလို့ မဟာစည်ဆရာတော်ကြီးရဲ့ ဇာတိ ဆိပ်ခွန်ရွာ ရိပ်သာ ဗုံးထိပြီး၊ အဲဒီမှာ ခိုလှုံနေတဲ့ စစ်ရှောင် ၂ ယောက်ထက် မနည်း သေဆုံး - ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲက ရေပမာဏ ထုထည် ကြီးမားလှတဲ့ အဓိက တမံကြီး တစ်ခု တာဘောင် နိမ့်ကျ သွားလို့၊ ဒေသခံတွေ စိုးရိမ် - ဘင်္ဂလား ပင်လယ်အော်ထဲ မုန်တိုင်းငယ် ဖြစ်လာနိုင်လို့ စပါးစိုက် တောင်သူတွေ မိုး မလာခင် စပါးရိပ်ကြဖို့ ကြိုကြိုတင်တင် ပြင်ထားသင့်တယ်လို့ မိုးဇလ တာဝန် ရှိသူ ပြော - ကြက်သွန်နီ စျေး မကြုံစဖူး စံချိန်တင် တစ်ပိဿာ တစ်သောင်းအထက် ရောက်သွားတာ ဘာ့ကြောင့်လဲ၊ ကြက်သွန်သစ် ပေါ်လာရင်ရော ပြန်ကျဖွယ် ရှိလား - ဒေလီမှာ ဆန္ဒပြလို့ မရအောင် ဖမ်းခံခဲ့ရတဲ့ အိန္ဒိယ ပိုးဟပ်ပြည်သူ့ပါတီ လူငယ်လှုပ်ရှားမှု ခေါင်းဆောင် အဘီဂျိ ဒစ်ပ်ကေ ပြန်လွတ်လွတ်ချင်းပဲ ဝန်ကြီးချုပ် မိုဒီဟာ တိုင်းပြည် အတွက် အရှက်ရစရာလူ၊ သူရဲဘောကြောင်ပြီး နိုင်ရာဖိတတ်သူ ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန် စတဲ့ ထိပ်တန်း ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေ တင်ဆက် ပေးဖို့ ရှိနေပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
နောက်ဆုံးလွှင့် အစီအစဉ်များ
နောက်ထပ်နားဆင်ရန်, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၀ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၉ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၈ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၇ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
