ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, AI ဉာဏ်ရည်တု နည်းပညာနဲ့ ညစ်ညမ်းဗီဒီယိုအတုတွေ လုပ်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန် ဖြစ်လာနေ

- ချင်းညီနောင်အဖွဲ့ထိန်းချုပ် ထားတဲ့ ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်ကိုလည်း လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲနေ - ရှီကျင့်ဖျင်နဲ့ တရုတ်ပြည်ရောက်လာတဲ့ ထရမ့် တို့ နှစ်နိုင်ငံကြား တင်းမာနေတဲ့ ကုန်သွယ်ရေး ကိစ္စ၊ အီရန် စစ်ပွဲ အပြင် တိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်တွေ ရောင်းချတဲ့ အကြောင်း တွေ ဆွေးနွေးကြဖို့ ရှိ - နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC က ဝရမ်းထုတ်ခံထားရတဲ့ ဆီးနိတ်အမတ် ရော်နယ် ဒဲလာ ရိုဆာ လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်ခိုလှုံခဲ့ပြီးနောက် လက်နက်ကိုင် ကမ်းစောင့်တပ်ဖွဲ့တွေ ဝင်ရောက်သွား - Ambition အပျော်စီး သင်္ဘောပေါ်က သက်ကြီးပိုင်း ခရီးသည်တယောက် နိုရိုဗိုင်းရပ်စ် သံသယနဲ့ သေဆုံးသွားခဲ့ပြီးနောက် သင်္ဘောပေါ်က လူအယောက် ၇ဝဝ ကျော်ကို ကန့်သတ်ထားလိုက်တယ်လို့ ပြင်သစ် အာဏာပိုင်တွေက အတည်ပြု - လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေး နှစ်ယောက် အပါအဝင် အနည်းဆုံး လူ ၈ ယောက် သေဆုံးသွားတယ်လို့ လက်ဘနွန်ကျန်းမာရေး အရာရှိတွေက ပြော - သမိုင်းမှာ အကြီးဆုံး ငွေလိမ်မှုကို စီစဉ်ခဲ့သူလို့ သံသယရှိနေတဲ့ မလေးရှားက ဝရမ်းပြေး သူဌေးကြီး ဂျိုးလော ဟာ သူ့ကို သနားညှာတာခွင့်ပေးဖို့ သမ္မတ ထရမ့်ဆီ အယူခံ - ဗြိတိသျှ ဝေလမင်းသမီး ကတ်သရင်း ၂၀၂၄ တုန်းက ကင်ဆာပိုးတွေ့ခဲ့ပြီး နောက်ပိုင်း ပထမဆုံး နိုင်ငံခြား ခရီး အဖြစ် အီတလီကို ထွက်ခွာ - ဂါဇာက ဆယ်ကျော်သက် ညီအမနှစ်ယောက်ဟာ အမှိုက်ကနေ ပြန်သုံးလို့ရတဲ့ အုတ်ခဲ ဖြစ်အောင် တီထွင်ထုတ်လုပ်ခဲ့တဲ့ အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆု ဆွတ်ခူးသွားတဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို