ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ဆက်ပိတ်ဆို့ထားရင် ပင်လယ်နီ၊ အိုမန်ပင်လယ်နဲ့ ပင်လယ်ကွေ့ ကုန်သွယ်မှုတွေကိုပိတ်ဆို့မယ်လို့ အီရန်သတိပေး

- အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ငါးနှစ်တာ ခရီး - လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် တရုတ်နဲ့ ရုရှားနိုင်ငံတွေဆီ သွားရောက်နေ - ရခိုင်မှာ စစ်တပ် ထိန်းချုပ်ထားတဲ့ လက်ကျန် မြို့သုံးမြို့ကို ဆက်သိမ်းပိုက်သွားမယ်လို့ အာရက္ခတပ်တော် AA ပြော - အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ဆက်ပိတ်ဆို့ထားရင် ပင်လယ်နီ၊ အိုမန်ပင်လယ်နဲ့ ပင်လယ်ကွေ့ ကုန်သွယ်မှုတွေကို ပိတ်ဆို့မယ်လို့ အီရန် သတိပေး - မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ထုတ်နိုင်စွမ်းဟာ အတော်လေး အလေးအနက်ထားရလောက်အောင် တိုးလာနေပြီလို့ IAEA အကြီးအကဲပြော - တူရကီမှာ အထက်တန်းကျောင်းတစ်ခုမှာ သေနတ်ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ လေးဦး သေဆုံး