ဘာလစ်ကိုနီ ရာထူးက နှုတ်ထွက်ပေးမယ်လို့ ပြောပြီ

အီတလီ ဝန်ကြီးချုပ် Silvio Berlusconi
ဓာတ်ပုံ ပုံစာ, အီတလီ ဝန်ကြီးချုပ် Silvio Berlusconi
ရေးသားခဲ့သည်။

အီတလီ ဝန်ကြီးချုပ် ဆီဗီယို ဘာလစ်ကိုနီ ရာထူးက နှုတ်ထွက်ပေးမယ် ဆိုတဲ့ အတည်ပြုချက် ထွက်ပေါ်လာပါပြီ။

ဒါပေမယ့် ယူရိုဇုန်ရဲ့ ကြွေးမြီ ပြဿနာကြောင့် အကြီးအကျယ် ထိခိုက်ခဲ့တဲ့ အီတလီ စီးပွားရေးကို ကျားကန်ပေးနိုင်မယ့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို အတည်ပြုပေးမှသာ သူရာထူးက ဆင်းပေမယ်လို့ ဆိုပါတယ်။

လာမယ့် သီတင်း နှစ်ပတ် အတွင်း အဲဒီ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေ လွှတ်တော် ရှေ့မှောက် ရောက်လာလိမ့်မယ်လို့ ယူဆရပါတယ်။

လွှတ်တော်ထဲမှာ သူတင်ပြတဲ့ ဘတ်ဂျက်ကို မဲခွဲဆုံးဖြတ်ရာမှာ အများစုရဲ့ ထောက်ခံချက် မရခဲ့ဘဲ အဲဒီနောက် မစ္စတာ ဘာလစ်ကိုနီ ရာထူးက ထွက်မယ် ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

ဥရောပ စီးပွားရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီး Ollie Rehn
ဓာတ်ပုံ ပုံစာ, ဥရောပ စီးပွားရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီး Ollie Rehn

အီတလီနိုင်ငံဟာ အကြွေးတွေ ခေါင်ခိုက်နေပြီး ငွေကြေး စျေးကွက်ကနေ အတိုးနှုန်း ကြီးမြှင့်စွာနဲ့ ငွေချေးယူနေရတာ ဖြစ်ပါတယ်။

အခြေအနေက ဆိုးဆိုးရွားရွား စိုးရိမ်စရာ ကောင်းတယ်လို့ ဥရောပ စီးပွားရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီး Ollie Rehn က ပြောပါတယ်။