အီရန်ခေါင်းဆောင်ဟောင်း ဈာပန ကျင်းပ

ဗီဒီယို ပုံစာ, အီရန်ခေါင်းဆောင်ဟောင်း ဈာပန ကျင်းပ
အီရန်ခေါင်းဆောင်ဟောင်း ဈာပန ကျင်းပ
ရေးသားခဲ့သည်။

အီရန်မှာ ခေါင်းဆောင်ဟောင်း အယာတိုလာ အလီ ခါမေနီရဲ့ ဈာပနကို ကျင်းပနေရာမှာ ဒီနေ့မှာတော့ သူ့ရုပ်ကလာပ်ဟာ ရှီယာမွတ်စလင်တွေ အထွတ်အမြတ် ထားရာ ကွမ်မြို့မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

တနင်္လာနေ့က တီဟီရန် မြို့တော်မှာ ကျင်းပခဲ့တဲ့ ဈာပန အခမ်းအနားမှာလည်း လူ သန်းနဲ့ချီပြီး လာရောက် ဂါရဝ ပြုကြပါတယ်။ ကွမ်မြို့မှာလည်း အလားတူ ဈာပနကျင်းပမှာ ဖြစ်သလို အီရတ်ထဲက ဘာသာရေး မြို့တွေ ဖြစ်တဲ့ နာဂျဖ်နဲ့ ကာဘာလာတို့မှာလည်း ကျင်းပသွားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ခါမေနီကို ဒီသီတင်းပတ် အကုန်ပိုင်းမှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

အလံအုပ်ထားတဲ့ သူ့ ခေါင်းတလားကို သယ်ဆောင်ရာ ၁၀ ကီလိုမီတာ ရှည်တဲ့ လမ်းရဲ့ ဘေးတဖက်တချက်မှာလည်း လူအများအပြားလာရောက်ကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် အယာတိုလာ အလီ ခါမေနီ ရဲ့ လက်ထက်မှာ နိုင်ငံရေးဖိနှိပ်မှုတွေ ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ အတွင်းမှာပဲ လမ်းတွေပေါ်မှာ ဆန္ဒပြလူ ထောင်ပေါင်းများစွာဟာ လုံခြုံရေးတပ်တွေရဲ့ ဖြိုခွဲမှုတွေကြောင့် သေဆုံးခဲ့ကြရပါတယ်။

ဘီဘီစီက တီဟီရန်ထဲမှာ သတင်းယူခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဘီဘီစီရဲ့ ပါရှန်ဘာသာ ဌာနကတော့ ထုတ်လွှင့်ခွင့် မရှိဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ သတင်းယူနိုင်တာ ဖြစ်ပါတယ်။ ဘီဘီစီလိုပဲ အီရန်ထဲမှာ လုပ်ကိုင်နေတဲ့ တခြား သတင်းဌာနတွေအပေါ်မှာလည်း ဒီကန့်သတ်ချက်ကို သတ်မှတ်ထားပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာ ရေးရာ သတင်းထောက်ချုပ် လိစ် ဒူဆက်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။