PDF တပ်ဖွဲ့ဝင် အချင်းချင်းကြားက လက်နက်နဲ့ ဖြေရှင်းမှုတွေ
PDF တပ်ဖွဲ့ဝင် အချင်းချင်းကြားက လက်နက်နဲ့ ဖြေရှင်းမှုတွေ
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းမြို့နယ်ထဲမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်ရင်းတစ်ခုရဲ့ တပ်ခွဲမှူးက အမျိုးသမီးရဲမေကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအချင်းချင်းကြားမှာ မကြာခဏ လက်နက်နဲ့ပစ်ခတ်သတ်ဖြတ် ဖြေရှင်းမှုတွေအပေါ် ထိရောက်တဲ့အရေးယူမှုတွေမလုပ်တာကြောင့် အခုလိုတွေ ဖြစ်နေတဲ့အပေါ် PDF တပ်ဖွဲ့ဝင်တွေအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒီလို အချင်းချင်းပစ်ခတ်မှုဖြစ်စဉ်တူတွေကို NUG အနေနဲ့ ဘယ်လို ဖြေရှင်းမှုတွေ ရှိနေပါသလဲ။ ကိုရင်မောင်က ပြောပြပေးမှာပါ။



