လူငယ် ၂ ဦး သေဆုံးမှု ကြွက်ကျင်ငယ်ရေပါတဲ့ အစားအသောက်ကြောင့်ဟုဆို

လူငယ် ၂ ဦး သေဆုံးမှု ကြွက်ကျင်ငယ်ရေပါတဲ့ အစားအသောက်ကြောင့်ဟုဆို
ရေးသားခဲ့သည်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူငယ်ညီအစ်ကိုနှစ်ဦး ဖျားနာပြီး ရန်ကုန်ဆေးရုံကြီးအထိ တင်ပို့ကုသခဲ့ပေမဲ့ သေဆုံးသွားခဲ့ပါတယ်။ ပြည်တွင်းသတင်းတွေမှာတော့ ကြွက်ကျယ်ငယ်ရေပါတဲ့ အစားအသောက်တွေကိုစားမိပြီး အဲဒီကြွက်ကျင်ငယ်ရေက တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးကြောင့် သေဆုံးခဲ့တာလို့သိရကြောင်း မိသားစုတစ်ဦးရဲ့ လူမှုကွန်ရက်မှာရေးသားချက်ကို ပြန်ကိုးကားပြီး ရေးသားနေကြပါတယ်။ အဲဒီရောဂါပိုးက ဘယ်လိုအမျိုးအစားပါသလဲ၊ အိမ်တိုင်းမှာ ကြွက်တွေရှိနိုင်တာကြောင့် ဒီ ဘက်တီးရီးယားပိုး မကူးစက်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။ ဒီအကြောင်း မတာရာက စုစည်းပြောပြပါမယ်။