ထရမ့်ရဲ့ ဟော်မုဇ်ပြန်ဖွင့်ဖို့ ရာဇသံ အချိန်ပြည့်လုနီး

ဗီဒီယို ပုံစာ, ထရမ့်ရဲ့ ဟော်မုဇ်ပြန်ဖွင့်ဖို့ ရာဇသံ အချိန်ပြည့်လုနီး
ဖတ်ရန်အချိန်: မိနစ် ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ အီရန်ကို နောက်ဆုံးအချိန်ဆိုပြီး အကြိမ်ကြိမ် ရာဇသံပေးနေခဲ့သလို အကြိမ်ကြိမ်လည်း ပြန်ပြောင်းပေးနေခဲ့ပါတယ်။ အခုတခါ နောက်ဆုံးအချိန်ကိုတော့ အမေရိကန် အရှေ့ဘက်ခြမ်းက ဒေသံစံတော်ချိန် ည ၈ နာရီကို သတ်မှတ်ထားတာပါ။ ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီးလစ္စကတော့ ဒေါ်နယ်ထရမ့်ဟာ ဒီတခါတော့ အရင်ကလို အပြောထက် လက်တွေ့ လုပ်ပြဖို့ စိတ်ပိုင်းဖြတ်ထားပုံ ရကြောင်း သုံးသပ်ပါတယ်။