ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို ဖယ်ရှားတာ ဘာကြောင့်လဲ
ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို ဖယ်ရှားတာ ဘာကြောင့်လဲ
ရေးသားခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီလက်ထက်ကနေ အခု နေပြည်တော် အသွင်ပြောင်း အစိုးရ ဖြစ်လာချိန်ထိ ဒီနှစ်တွေအတွင်း ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်တပ်က ဖြိုချဖယ်ရှားနေတာ ဆယ်ဂဏန်းဝန်းကျင်ရှိလာပါပြီ။ လွတ်လပ်ရေးဖခင် ၊ အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို အာဏာပိုင်တွေဘက်က ဘာကြောင့်ဖယ်ရှားခဲ့တာပါလဲ။ ဗိုလ်ချုပ်ရုပ်တုတွေဖျက်ဆီးခံရတဲ့အပေါ် NLD ပါတီက ဘယ်လိုတုံ့ပြန်ပါသလဲ။ အပြည့်အစုံကို ကိုဝေဖြိုးက ပြောပြပေးသွားမှာပါ။



