တက္ကသိုလ်ဝင်တန်း မအောင်သေးသူတွေကို ပြင်ပ ဖြေဆိုခွင့်ပြုမယ်
တက္ကသိုလ်ဝင်တန်း မအောင်သေးသူတွေကို ပြင်ပ ဖြေဆိုခွင့်ပြုမယ်
ရေးသားခဲ့သည်။
အရင် ပညာရေးစနစ်ဟောင်း (နဝမတန်း) ၉ တန်းအောင်မြင်ထားပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဆက်လက်ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူတွေ၊ စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ပြီး ကျရှုံးထားသူတွေကို ၂၀၂၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ ပြင်ပဖြေအနေနဲ့ ဖြေဆိုခွင့်ပြုမယ်လို့ ပညာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒါ့အပြင် အခုနှစ် စနစ်သစ် (Grade 12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူတွေ၊ Grade 11 ကိုအောင်ပြီး ဆက်မတက်ရသူတွေနဲ့ Grade 11 ကို ပြင်ပကနေဖြဆိုအောင်မြင်ထားသူတွေ အားလုံးလည်း ပြန်ဖြေခွင့်ရမှာလို့ ဆိုပါတယ်။ ဒါကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးအဆက်ပြတ်နေတဲ့ ကျောင်းသူ၊ ကျောင်းသားအားလုံး ပညာဆက်သင်လို့ရနိုင်မှာပါလား။ မသီဒါနွယ်က ဒီအကြောင်းစုစည်းပြောပြပေးမှာပါ။



